အခန်း၂၀။စီချွမ်းဟင်းရွက်ချဉ်

621 68 1
                                    

ရှလဲ့သည် တစ်နေ့လုံး ဖုန်းသိပ်မကြည့်ဖြစ်ပေ။

စားသုံးသူများမှ သူသည် အွန်လိုင်းတွင်နာမည်ကြီးနေသည်ကို ကြားခဲ့ရ၏။ သို့သော် မည်မျှအတိုင်းအတာထိ နာမည်ကျော်ကြနေသည်ကိုတော့ ရှလဲ့ မသိပါချေ။

ရှလဲ့လည်း အွန်လိုင်းဖွင့်ကြည့်လိုက်သည်။ ပထမဆုံး ပွင့်လာသည့်ဗီဒီယိုမှာ သူ့အကြောင်းဖြစ်လေသည်။

{ရှစ်နှစ်အရွယ်ကလေးတစ်ယောက်မှ ရှန့်ဟိုင်းလမ်းမပေါ်တွင် ဆီချက်ခေါက်ဆွဲ ပွဲတစ်သောင်းကိုရောင်းချ။ လူများမှ ထိုကလေးငယ်အား စားဖိုမှူးကြီးဟုခေါ်ဆို}

ခေါင်းစဉ်ကိုဖတ်လိုက်သည်တွင် ရှလဲ့ မင်သက်သွားရ၏။

တစ်နေ့တည်းနဲ့ ဆီချက်ခေါက်ဆွဲ ပွဲတစ်သောင်းရောင်းတယ်တဲ့လား?

ငါဘာလို့ မသိလိုက်ပါလိမ့်?

ရှလဲ့မှာ ရယ်ရခက် ငိုရခက်ပင်။ ဤလူထုအလယ်ကို ချပြသည့်အကောင့်များသည် လွန်စွာရဲတင်းလှသည်ကို ဝန်ခံရပေလိမ့်မည်။

အောက်ဘက်သို့ ဆက်ကြည့်လျှင်လည်း ရှလဲ့၏ဗီဒီယိုများ များစွာရှိနေသေး၏။

သို့သော် ဤတစ်ကြိမ်သည်တော့ ချင်းယွင်၏ထုတ်လွှင့်မှုကို တည်းဖြတ်ထားခြင်းဖြစ်သည်။ ချင်းယွင် ဆီချကိခေါက်ဆွဲစားနေသည့် ဗီဒီယိုဖြစ်၏။
ထပ်၍အောက်သို့ဆွဲကြည့်လိုက်ရာ ရှန့်ဟိုင်းရှိရှော့ပင်းမောလ်တစ်ခုတွင် ကြမ်းပြင်ပေါ်လဲလျောင်းနေသည့် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုကောင်လေးသည် ဟုန်ရှင်းစားသောက်တန်းသို့သွား၍ ခေါက်ဆွဲစားချင်သောကြောင့် ငိုနေခြင်းဖြစ်လေသည်။

အောက်သို့ဆက်ဆွဲကြည့်လိုက်ရာ သူနှင့်ဆက်နွယ်နေသည့် ဗီဒီယိုများစွာကို ထပ်မံတွေ့ရပြန်သည်…

ရှလဲ့သည် ဖုန်းကို တစ်ချက်ဆွဲလိုက်ချိန်တိုင်း ဗီဒီယို ၇ခု၊၈ခုခန့်ကို ကျော်သွားလိုက်သည်။ ထိုဗီဒီယိုများအားလုံးသည် ရှလဲ့နှင့်ဆက်နွယ်နေ၏။

ရှလဲ့သည် ဤအခွင့်အရေးကိုအသုံးချ၍ Weiboတွင်စာရင်းသွင်း၍ တရားဝင်ဝက်ဘ်ဆိုက်တွင် အကောင့်တစ်ခုအတည်ပြုလိုက်သည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now