အခန်း၁၂။ "တရုတ်၏အရသာ" စီးပွားရေးလုပ်ငန်းစတင်ခြင်း!

677 76 0
                                    

ဂရုတစိုက်စဉ်းစားပြီးနောက် ဆိုင်ခန်း၏အမည်ကို ရှလဲ့အရင်ဘဝတွင် ကြည့်ခဲ့ဖူးသော အစားအသောက်မှတ်တမ်းရုပ်ရှင်ကို အခြေခံ၍ ‌နာမည်ပေးခဲ့သည်-

“တရုတ်၏အရသာ”

ရှလဲ့ဆိုင်၏ နာမည်ဖြစ်သည်။

အနာဂတ်တွင် စားသောက်တန်းမှထွက်ခွာပြီးနောက် အထိုက်အသင့်ရှိသည့် စားသောက်ဆိုင်ဖွင့်သည့်အခါတွင်လည်း ရှလဲ့က ထိုနာမည်ကို အသုံးပြုချင်ပါသည်။

ဤစားသောက်ဆိုင်တွင် တရုတ်တစ်နိုင်ငံလုံး၏ အားလုံးသော  စားကောင်းသောက်ဖွယ်မျိုးစုံကို မြည်းစမ်းကြည့်နိုင်ပါသည်ဟူသည့် သဘောဖြစ်သည်။

ရှလဲ့တွင် ‘အချက်အပြုတ်နတ်ဘုရားစနစ်’ရှိနေသည်ကြောင့် စနစ်၏ ဟင်းချက်နည်းများမှာ မည်သည့်ဟင်းပွဲကိုမျှ အထူးတလည် ကန့်သတ်ထားခြင်းမရှိပေ။

အဓိက တရုတ်ဟင်းလျာ ရှန့်သုန်း၊ စီချွမ်း၊ ကန်တုံ၊ ကျန်းစု၊ မင်၊ ကျယ့်ကျန်း၊ ဟူနန်နှင့် ဟွေဟူ၍ ရှစ်မျိုးရှိ၏။

ထို့အပြင် ဟောင်ကောင်ဟင်းလျာ၊ ထိုင်ဝမ်ဟင်းလျာနှင့် အခြား များစွာသော စားကောင်းသောက်ဖွယ်များလည်း ကျန်ရှိသေးသည်။

၉.၆မီလီယမ်စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိသည့် တရုတ်နိုင်ငံရှိ ပြီးပြည့်စုံသည့်ဟင်းချက်နည်းမျိုးစုံကို စနစ်မှတစ်ဆင့် ရယူနိုင်ပေသည်။

ထို့ကြောင့် ရှလဲ့၏ဆိုင်ကို ပဲုမှန်အတိုင်းလေး ‘စစ်မှန်ပြီးပြည့်စုံသော ဆီချက်ခေါက်ဆွဲ’ သို့မဟုတ် ‘စစ်မှန်ပြီးပြည့်စုံသော စီချွမ်းဟင်းလျာ’ဟု မခေါ်သင့်ပေ။

တရုတ်နိုင်ငံ၏ ဟင်းလျာများအားလုံး ပါဝင်နေသည်ပဲလေ။

*ဘာလို့ ‘တရုတ်၏အရသာ’လို့ မခေါ်နိုင်ရမှာလဲ!*


စက်တင်ဘာလ ၃ရက်၊ စနေနေ့
ဟုန်ရှင်းစားသောက်တန်း၌။

ပိတ်ရက်ဖြစ်သည်ကြောင့် စားသောက်တန်းတွင် လူများပြည့်နှက်လို့နေသည်။ မည်သည့်နေရာကိုကြည့်လိုက်ပါစေ လူများပြည့်နှက်နေသည်မှာ မြင်ရသူကို မွန်းကြပ်စေနိုင်လောက်သည်အထိ..။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now