အခန်း၂။ ကျေးဇူးကြီးမားလှစွာဖြင့် မီးဖိုချောင်သုံးပစ္စည်း ၂စုံ ကျန်နေသေးလို့

943 80 0
                                    

အခန်း၂။ ကျေးဇူးကြီးမားလှစွာဖြင့် မီးဖိုချောင်သုံးပစ္စည်း ၂စုံ ကျန်နေသေးလို့

“ဟင်းချက်ပြီး စားသုံးသူတွေရဲ့ အသိအမှတ်ပြုမှုကို ရယူရမယ်တဲ့လား”

“ဆိုလိုတာက…”

“ဆီချက်ခေါက်ဆွဲတစ်ခွက်ချက်ပြီး ရှထျန်းရဲ့ အသိအမှတ်ပြုမှုကို ရယူရမယ်ပေါ့”

ထိုသို့တွေးမိသည်နှင့် ရှလဲ့မှာ ခေါင်းကိုက်သွားရ၏။

ရှုထျန်းမှာ ၃နှစ်ပဲရှိသေးသည်ဆိုရုံနှင့် သူ့ကို လွယ်လွယ်လေးအရူးလုပ်နိုင်မည်ဟု တွေးလို့မရပေ။ 

လက်တွေ့တွင် ရှထျန်းသည် အလွန်ချေးများ၏။

သူတို့ငယ်စဉ်တည်းက စားသောက်ချိန်တိုင်းတွင် အမေမှ ရှထျန်းအား ချီ၍ကျွေးခဲ့ရသည်။ ထို့အပြင် ရှထျန်းသည် ကာတွန်းကြည့်ဖို့ရာ ထမင်းစားပွဲမှ မထွက်သွားမီတွင် ပါးစပ်အပြည့် နှစ်လုပ်၊ သုံးလုပ်မျှသာ စားလိမ့်မည်ဖြစ်သည်။
ထိုအရာထက် ရှလဲ့အား ပို၍မွန်းကြပ်ရသည်မှာ…

ရှထျန်းသည် ခေါက်ဆွဲကို လုံးဝ မကြိုက်ပေ။

ဆီချက်ခေါက်ဆွဲချက်ကျွေးပြီး ရှထျန်း၏ အသိအမှတ်ပြုမှုကို ရယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

“ရွေးချယ်စရာမှ မရှိဘဲ…”

ရှလဲ့လည်း သက်ပြင်းချလျက် မီးဖိုချောင်ထဲသို့ ဝင်သွား‌လိုက်သည်။

သူသည် တစ်ခါမှ အိမ်တွင်မချက်ပြုတ်ဖူးပေ။ မီးဖိုချောင်ထဲ ဝင်သည်ပင် ရှားလေသည်။

တိတိကျကျပြောရလျှင်… အိမ်၌ မည်သည့်မီးဖိုချောင်ပစ္စည်းရှိသည်ကိုပင် ရှလဲ့ မသိ‌ချေ။

ရှုလဲ့သည် မီးဖိုချောင်တစ်ခုလုံးကို မွှေနှောက်ရှာဖွေရာ နောက်ဆုံး၌ ဗီရိုထဲမှ အိုးတစ်လုံးနှင့် ဓားတစ်ချောင်းကို ရှာတွေ့လိုက်ရသည်။

“မီးဖိုချောင်သုံးပစ္စည်းနှစ်စုံ‌တော့ ချန်ထားခဲ့ပေးလို့ အရမ်းဝမ်းသာရပါတယ်”

ရှလဲ့အတွက်တော့ ၎င်းမှာ အဆိုးထဲမှ အကောင်းဖြစ်၏။

အိမ်မှာသာ အိုးတစ်လုံးတစ်လေမှ မရှိခဲ့ပါက သူလည်း ဘာလုပ်ရမှန်း မသိနိုင်တော့ပေ။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now