အခန်း၂၇။ စက်ကဲ့သို့တိကျသော လှီးဖြတ်သည့်စွမ်းရည်!

505 55 0
                                    

ရှလဲ့သည် စနစ်၏ဆိုင်မှ ချဉ်စပ်အားလူးဟင်းချက်နည်းကို လျှာကဝေအမှတ်၂၀ဖြင့် လဲလှယ်လိုက်သည်။

ပြိုင်ပွဲမစတင်မီ အချိန်နာရီဝက်ခန့်ရှိသေးပေသည်။

အချိန်စီးဆင်းမှု၃၆၅ဆနှေးကွေးသည့်ကမ္ဘာတွင် ၇ရက်လေ့ကျင့်နိုင်၏။

ရှလဲ့သည် ထို၇ရက်အတွင်း ချဉ်စပ်အားလူးကြော်ဟင်းလျာအား ပြီးပြည့်စုံသည်အထိ ချက်ပြုတ်နိုင်လို၏။

ဒီဟင်းလျာကို ဘာလို့များ စွမ်းရည်လိုအပ်တဲ့ ဟင်းလျာလို့ခေါ်ပါလိမ့်လဲ?

အဘယ်ကြောင့်ဆိုသော် ဤဟင်းလျာ၌ ထူးခြားသည့်လျှို့ဝှက်နည်းလမ်းများ မရှိခြင်းကြောင့်ပင်..။ ဤဟင်းလျာအား ပို၍သာလွန်ကောင်းမွန်စေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အားစိုက်ထုတ်မှု ပို၍ထည့်ရန်သာဖြစ်သည်။

လှီးဖြတ်တဲ့စွမ်းရည်မကောင်းရင် အာလူးတွေကို မညီမညာဖြစ်စေမယ်တဲ့လား?

ဒါဆိုလည်း လေ့ကျင့်လိုက်တာပေါ့!

ဆယ်ကြိမ်နဲ့အလုပ်မဖြစ်ရင် အကြိမ်တစ်ရာ၊ အကြိမ်တစ်ထောင် လေ့ကျင့်ရင်ဖြစ်တာပဲ။ အဲ့လိုဆိုရင် မျက်လုံးမှိတ်ထားတောင်မှ အာလူးကိုအချိန်ဘယ်လောက်ကြာအောင် ကြော်ပြီးရင် စားဖို့အဆင်သင့်ဖြစ်မလဲဆိုတာ သိနေတော့မယ်လေ!

ရှုပ်ပွနေသည့် စနစ်ကမ္ဘာထဲတွင်
ရှုလဲ့သည် အာလူးများကို အမြှောင်းလေးများအဖြစ် လှီးဖြတ်ရာ၌ အာရုံသေချာစိုက်ထား၏။

ထိုအဆင့်ကိုလေ့ကျင့်ခြင်းသည်ပင် လေးရက်ကြာလေသည်။

ထိုလေးရက်အတွင်း ရှလဲ့ လှီးခဲ့ပြီးသည့်အာလူးများကို စုပုံလိုက်ပါက တောင်တစ်တောင်ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
နောက်ဆုံးသုံးရက်တွင် အာလူးကြော်သည့် မီးအပူချိန်ကိုထိန်းညှိရန် လေ့ကျင့်ခဲ့၏။

လှီးဖြတ်သည့်စွမ်းရည်နှင့် မီးအပူချိန်ထိန်းသိမ်းခြင်းကို လုပ်ဆောင်နိုင်ရုံဖြင့် ပြီးပြည့်စုံသည့်အာလူးကြော်တစ်ပွဲကို လုပ်ဆောင်နိုင်ပေလိမ့်မည်။

တစ်ချိန်တည်းမှာပင်
ရှန့်ဟိုင်းအရှေ့ပိုင်းအားကစားခန်းမ၌  အစီအစဉ်တင်ဆက်သူသည် ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်များကို မိတ်ဆက်ပေးနေသည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now