အခန်း၆။ ကုန်းပေါင်ကြီးကြော်၊ စိတ်နှလုံးထည့်ပြီးကြိုးစားသ၍ လူတိုင်းက အချက်အပြုတ်မ

751 93 2
                                    

အခန်း၆။ ကုန်းပေါင်ကြီးကြော်၊ စိတ်နှလုံးထည့်ပြီးကြိုးစားသ၍ လူတိုင်းက အချက်အပြုတ်မှာနတ်ဘုရားပဲ!

“ဦးလေးတို့ ဒေါ်လေးတို့ ကျွန်တော် တကယ် ဆိုင်ပိတ်မှဖြစ်တော့မယ်”

ရှလဲ့လည်း တောင်းပန်းတိုးလျှိုးနေသည့်အသံလေးဖြင့် အော်ပြောလိုက်သည်။

၈နာရီဝန်းကျင်တွင် သူ၏တွန်းလှည်း‌ဆိုင်လေးရှေ့၌ ကျောင်းလာပို့သည့်မိဘများ၊ ကျောင်းသားများနှင့် လူတန်းရှည်ကြီးဖြစ်နေ၏။

ရှလဲ့ မူလက တွေးထားသည်မှာ ကျောင်းတက်ချိန် ၉နာရီတွင် ဆိုင်သိမ်းရန်ဖြစ်သည်။

သို့သော်ငြား တန်းစီနေသည့် လူအရေအတွက်မှာ ၉နာရီကျော်သွားသည်တောင်မှ လျော့နည်းသွားခြင်း မရှိပေ။

ဖြတ်လျှောက်သွားသည့် လူများမှာ ဆိုင်ခင်း၍ ဆီချက်ခေါက်ဆွဲရောင်းနေသည့် ၈နှစ်အရွယ် ကလေးလေးကို မြင်သောအခါ ဆိုင်ရှေ့သို့ရောက်လာကြ၏။ ထို့ကြောင့် လူတန်းမှာ ပို၍ပင်ရှည်လာတော့သည်။

ရှလဲ့ ပြင်ဆင်လာသော ပါဝင်ပစ္စည်းများမှာလည်း အကုန်သုံးပြီးသွားပြီဖြစ်၏။

ထိုလူများမှာ ရှလဲ့၏ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ဖို့ရာအတွက် အနီးနားရှိဈေးမှ  ပါဝင်ပစ္စည်းများကို ဝယ်ပေးကြသေး၏။

ခေါက်ဆွဲ၊ ငရုတ်သီးမှုန့်၊ ဟင်းခတ်အမွှေးအကြိုင်၊ ဆီ၊ အသီးအရွက်…စသည်ဖြင့်

ထိုလူများမှာ ရှလဲ့၏လက်ရာကိုမြည်းစမ်းကြည့်နိုင်ရန် သူတို့ကိုယ်တိုင် ပါဝင်ပစ္စည်းများပင် ပြင်ဆင်လာကြလေသည်။

ရှလဲ့မှာ ဘဝနှစ်ခုစာ ရှင်သန်နေထိုင်ခဲ့ဖူးပြီဖြစ်ပြီး ဤကဲ့သို့သော အခြေအနေမျိုးကိုတော့ ပထမဆုံးကြုံတွေ့ဖူးခြင်းဖြစ်သည်ပင်။

*ဒီလူတွေက သူတို့ကိုယ်တိုင် ပါဝင်ပစ္စည်းတွေယူလာပြီး လာစားကြတယ်!*

ဤသို့ဖြင့် ၈နာရီမှ ၁၀နာရီထိ ရှလဲ့ အလုပ်လုပ်လိုက်ရတော့သည်။

မနက်စာစားချိန်ကျော်သွားပြီး နောက်ဆုံးတွင်တော့ ဝယ်သူနည်းသွားပြီဖြစ်၏။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now