အခန်း၂၅။ ရင်းနှီးငွေပြဿနာ!

553 61 0
                                    

“မင်္ဂလာပါ စားဖိုမှူးလေး.. စိတ်မလှုပ်ရှားပါနဲ့။ ငါတို့က မြို့တော်စည်းကြပ်ဌာနကပါ”

မြို့တော်စည်းကြပ်ဌာနဝတ်စုံဖြင့်လူကြီးမှ ပြုံးလျက်ပြော၏။

မြို့တော်စည်းကြပ်ဌာနဝန်ထမ်းမှ သူ့အားး စား‌ဖိုမှူးလေးဟုခေါ်လိုက်သည့်အခါ ရှလဲ့မှာ အနည်းငယ် ရှက်ရွံ့သွားရသည်။

“ကျွန်တော့်ကို ရှလဲ့လို့ပဲ ခေါ်ပါဗျ”

“အိုကေ သူငယ်ချင်းလေး.. ရှလဲ့။ ငါတို့က မြို့တော်ရဲ့စီမံခန့်ခွဲမှုစည်းမျဉ်းစည်းကမ်းတွေအရ ဥပဒေစည်းကြပ်အကြံပေးဖို့လာခဲ့တာပါ”

ဤသည်မှာ မြို့တော်စည်းကြပ်ဌာနအတွက် ကလေးတစ်ယောက်နှင့်ရင်ဆိုင်ရသည့် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် သူတို့သည်လည်း စိတ်လှုပ်ရှားနေပေသည်။

“ဒီနေရာက စီးပွားရေးအရမ်းကောင်းတယ်။ ထိုင်ခုံနေရာမရှိလို့ ပန်းကန်ယူသွားပြီး လမ်းဘေးမှာစားရတဲ့ စားသုံးသူတွေတောင်ရှိတယ်။ တန်းစီတဲ့လူအရေအတွက်လည်း မကြာခဏ တစ်ရာကျော်နေလေ့ရှိတာ.. အဲဒါက ဒီစားသောက်တန်းလမ်းမအတွက် ကျ အရမ်းလူထူထပ်လွန်းပြီး မတော်တဆမှု‌တွေဖြစ်နိုင်ချေလည်း မြင့်တက်သွားစေတယ်”

မြို့တော်စည်းကြပ်ဝန်ထမ်း၏စကားကို နားထောင်ပြီးနောက် ရှလဲ့လည်း မျက်မှောင်ကြုတ်လိုက်၏။

မြို့တော်စည်းကြပ်ဝန်ထမ်းများပြောသည်မှာ မှန်ပါ၏။

သူ့ဆိုင်လေး၌ စားပွဲတစ်လုံးနှက့် ထိုင်ခုံလေးသာရှိပြီး စားသုံးသူအရေအတွက်သည်တော့ တစ်ခါတစ်ရံတွင် တစ်ထောင်ခန့်ရှိသွားတတ်၏။ ထိုလူများအားလုံး ဤလမ်းမတွင်စုဝေးနေပါလျှင် လမ်းမ၏လုပ်ငန်းအခြေအနေကို သက်ရောက်မှု သေချာပေါက်ရှိလိမ့်မည်ပင်။

“သူငယ်ချင်းလေး ရှလဲ့.. မင်းအနေနဲ့ သင့်တော်တဲ့ဆိုင်တစ်ဆိုင်ဖွင့်သင့်တယ်လို့ ငါတို့အကြံပေးချင်ပါတယ်။ အဲလိုက မင်းရဲ့အနာဂတ်တိုးတက်မှုအတွက်လည်း အကျိုးရှိနိုင်ပြီး မြို့တော်စီမံခန့်ခွဲရေးအတွက် ဖိအားကိုလည်းလျော့ကျသွားစေလိမ့်မယ်”

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now