အခန်း၁၆။ အိမ်အရသာ

618 75 0
                                    


ချင်းယွင်၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ပေါ်ပြူလာအဖြစ်ဆုံး‌ ထိပ်တန်းထုတ်လွှင့်မှုဆယ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

တကယ်တမ်းတော့ မထူးဆန်းလှပေ။

တိုက်ရိုက်ထုတ်လွှင့်မှုနယ်ပယ်တွင် သီချင်းဆို၊ ကပြကြသည့် ဆယ်လီများ အများအပြားရှိသည်။

ချင်းယွင်ကဲ့သို့ ရိုက်ကူးရေးတွင် အမှန်တကယ်နစ်မြုပ်ထား၍ လူထုပုံရိပ်ကို ဆန်းစစ်လေ့ရှိသည့်ဆယ်လီသည်တော့ အနည်းငယ်သာရှိ၏။

ချင်းယွင်၏တိုက်ရိုက်ထုတ်လွှင့်သည့် အကြောင်းရာများသည် တခြားသောအွန်လိုင်းဆယ်လီများနှင့် လုံးဝကွာခြားပေသည်။

ထို့အပြင် ရှလဲ့သည်လည်း လမ်းဘေး‌လေးတွင် ဆိုင်တစ်ခန်းဖွင့်လိုက်သည့် ၈နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်လေရာ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးထွက်လာလိမ့်မည်မှာ အတော်လေးသိသာပေ၏။

ထို့ကြောင့် ဤတိုက်ရိုက်ထုတ်လွှင့်မှုသည် ကြည့်ရှုသူများစွာကို ဆွဲဆောင်နိုင်သည်လည်း မထူးဆန်းပေ။

တိုက်ရိုက်ထုတ်လွှင့်မှု၏ ပေါ်ပြူလာဖြစ်မှုသည် ထိပ်တန်းဆယ်ခုတွင် ဝင်ရောက်သွားကာ ထိုplatform၏ ထိုအကြံပြုချက်များတွင်လည်း ကျော်ကြားနေလေသည်။

ချင်းယွင်၏ထုတ်လွှင့်မှုကို အခြားသောတည်းဖြတ်သူများမှ တည်းဖြတ်ထားသည့်ဗီဒီယိုများသည်လည်း ကျော်ကြားနေသည်မှာ ကြည့်ရှုသူ၃သန်းကျော်သည့် ဗီဒီယိုအနည်းငယ်ပင် ရှိနေသေးလေသည်။

နာရီဝက်အတွင်းတွင် ချင်းယွင်ထံသို့ ထောင်ကျော်သည့်စာများပင် ဝင်လာခဲ့သေး၏။ ထိုစာများအားလုံးသည် ရှလဲ့၏ဆိုင်တည်နေရာကို မေးမြန်းထားခြင်းဖြစ်သည်။

...

"သူဌေးလေး မင်းက အွန်လိုင်းမှာ အရမ်းနာမည်ကြီးနေပြီ"

"‌က‌လေးလေး မင်းက အခု စတားတစ်ယောက်ပဲ"

"သူတို့မင်းကို နာမည်ပြောင်ပေးထားကြတယ်... ရှစ်နှစ်အရွယ်စားဖိုမှူးကြီးတဲ့"

"..."

အနီးနားရှိလူများမှာ သတင်းကောင်းကိုကြားရသကဲ့သို့ ရယ်မောလျက် အချင်းချင်း စကားဖလှယ်နေကြသည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now