အခန်း၁၇။ အွန်လိုင်း၌ ကျယ်ကျယ်ပြန့်ပြန့် နာမည်ကြီးခြင်း

597 70 0
                                    

ကျင်းအန်းဒေသ၊ ဝမ်သာ့‌ဈေးတန်း။

“မေမေ သား ဒါစားချင်တယ်”

အသက်၁၀နှစ်ခန့်မျှ ကောင်လေးတစ်ယောက်သည် မိခင်ဖြစ်သူအား ဖုန်းကိုပြ၍ ပြောနေသည်။

ထိုဖုန်းတွင် ဖွင့်ထားသည်က ချင်းယွင်၏ထုတ်လွှင့်မှုကို တည်းဖြတ်ထားသည့် ဗီဒီယိုဖြစ်သည်။

ဗီဒီယိုအကြောင်းရာမှာ ရှစ်နှစ်အရွယ် ရှုလဲ့ ကုန်းပေါင်ကြီးကြော် ချက်နေခြင်းဖြစ်သည်။

ဗီဒီယိုသည် ကြည့်ရှုသူ၅သန်း ရှိနေပြီးဖြစ်ကာ likeအရေအတွက်သည်လည်း ၁သန်းကျော်နေပေပြီ။

“အဲဒါ ဟုန်ရှင်းစားသောက်တန်းပဲ။ မေမေတို့နဲ့ အရမ်းဝေးလွန်းတယ်။ ပြီးတော့ တန်းစီနေတဲ့လူတွေလည်း အများကြီးရှိနေမှာ။ မသွားရအောင်ပါ”

မိခင်ဖြစ်သူမှ လိပ်စာကိုကြည့်၍ ချက်ချင်း ငြင်းလိုက်၏။

“ဟင့်အင်း ဟင့်အင်း ဟင့်အင်း! ဗီဒီယိုထဲမှာပြောထားတာ အဲ့ဆိုင်က ဆီချက်ခေါက်ဆွဲက အရမ်းစားကောင်းတယ်တဲ့”

“ချန်းယု နင်ဘာလို့ စကားနားမထောင်ရတာလဲ။ အဲ့ဒီ့ဗီဒီယိုတွေက အကုန်လုပ်ကြံထားတာတွေချည်းပဲ”

“သားကတော့ သွားမှာပဲ။ ဒီနေ့က သားမွေးနေ့လေဗျာ။ ဒီနေ့ သား စားချင်တာ ဘာဖြစ်ဖြစ် အကုန်စားလို့ရတယ်လို့ မေမေ ကတိပေးထားတယ်လေ”

ချန်းယုမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ပြောလိုက်၏။

“ဟင်း…”

မိခင်ဖြစ်သူမှ သက်ပြင်းချလိုက်သည်။

ထို့နောက် ချန်းယုအား တည်ငြိမ်စွာဖြင့် ပြော၏။

“လိမ္မာတယ်. မေမေ ပြောတာနားထောင်.. အဲ့လိုနာမည်ကြီးတဲ့ဆိုင်တွေမှာက လူတွေအများကြီးတန်းစီ‌နေကြမှာ.. မသွားရအောင်ပါ။ ဒီနေ့က သားမွေးနေ့ဆိုတော့ မေမေ သား ကြိုက်တဲ့မက်ဒေါ်နယ်လ်စားဖို့ ခေါ်သွားပေးမယ်လေ ဟုတ်ပြီလား”

“ဟင့်အင်း ဟင့်အင်း ဗီဒီယိုထဲက စားစရာတွေပဲစားချင်တာ!”

စကားပြောနေရင်းဖြင့် ‌ကောင်လေးမှာ ငိုတော့မည့် အရိပ်အယောင်များ‌ရစ်သိုင်းလာကာ စိတ်ကောက်နေတော့သည်။
အဆုံးတွင်တော့ မိခင်ဖြစ်သူမှာ မဖျောင်းဖြနိုင်တော့ဘဲ ဟုန်ရှင်းစားသောက်တန်းသို့ ခေါ်လာပေးလိုက်ရလေသည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now