အခန်း၂၈။ ဒိုင်လူကြီး စားဖိုမှူးလင်!

556 55 0
                                    

ပြိုင်ပွဲရှိဒိုင်လူကြီးများထဲတွင် ရင်းနှီးနေသည့်သူတစ်ယောက်ရှိသည်- လင်စူးဝေ့

ယခင်က စားဖိုမှူးလင်သည် ဟူနန်တီ‌ဗွီ၏ ‘တရုတ်စားသောက်ဆိုင်’အစီအစဉ်တွင် ပါဝင်ဖူးသည်။ သူသည် တရုတ်နိုင်ငံဟိုတယ်အစည်းအရုံး၏အလုပ်အမှုဆောင်အဖွဲ့ဝင်စားဖိုမှူးဖြစ်သည်။ ယူအန်ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့အစည်းညီလာခံ ဂျီ၂၀ယူနစ်နှင့် Fortune Global ဆွေးနွေးပွဲတွင်လည်း ခေါင်းဆောင်စားဖိုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

သူသည် ဤပြိုင်ပွဲတွင် အရေးကြီးဆုံးဒိုင်လူကြီးလည်းဖြစ်၏။

လင်စူးဝေ့၏မျက်လုံးများသည် ရှလဲ့ထံတွင် လုံးဝကျရောက်လျက်ရှိသည်။
အာလူးကြော်သည် သာမန်အိမ်ချက်ဟင်းလျာလေးမျှသာဖြစ်သော်လည်း စားဖိုမှူး၏ အခြေခံစွမ်းရည်နှင့် အချက်အပြုတ်အပေါ်နားလည်မှုကို စစ်ဆေးနိုင်ပေသည်။

စားဖိုမှူးလင်၏အမြင်တွင်တော့ ပြိုင်ပွဲဝင်စားဖိုမှူးတိုင်း၏လုပ်ဆောင်မှုသည် လွန်စွာထူးချွန်ပြောင်မြောက်၏။

သို့သော် ထိုမျှပင်။ အံ့အားသင့်ဖွယ်ရာဟူ၍ ရှိမနေပေ။

ယခုအခြေအနေသည် ဟိုတယ်တွင်ရှိနေသည်ဆိုပါက သူပြိုင်ပွဲဝင်အားလုံးကို အောင်မြင်ခွင့်ပေးလိုက်မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤမျှအရည်အသွေးများနှင့်အားလူးကြော်သည် ဟင်းပွဲအဖြစ်ရောင်းချရန် လုံလောက်သည်ထက်ပင် သာလွန်နေပြီဖြစ်သည်။

သို့သော် လက်ရှိသည် ဟိုတယ်မီးဖိုချောင်၌မဟုတ်ချေ။

ဤသည်မှာ ပြိုင်ပွဲခန်းမဖြစ်သည်။
သာမန်အာလူးကြော်တစ်ပွဲမျှသာဖြစ်လျှင် မည်မျှကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပါစေ သာမန်ဟင်းလျာတစ်ပွဲသာ ဖြစ်နေမည်ဖြစ်သည်။

၎င်းမှာ ပန်းချီဆရာ ပန်းချီဆွဲသည်နှင့်ဆင်တူ၏။ မိုနာလီဆာပန်းချီကို ၇၀ရာခိုင်နှုန်းတူညီအောင် ဆွဲရင်ဘယ်လိုဖြစ်လိမ့်မလဲ။

ပန်းချီပြိုင်ပွဲတွင် မိမိ၏ကိုယ်ပိုင်ဖန်တီးနိုင်မှုနှင့် သရုပ်ဖော်ပြသမှုတို့ ရှိရန်လိုအပ်၏။ ဒိုင်လူကြီးများ၏စိတ်ကို ကိုင်လှုပ်နိုင်ရန် မိမိ၏နှလုံးသားထဲမှအရာကို ဆွဲရန်လိုအပ်သည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now