အခန်း၈။ ကုန်းပေါင်ကြီးကြော် အဆင်သင့်ဖြစ်ပါပြီ!

694 76 0
                                    

အခန်း၈။ ကုန်းပေါင်ကြီးကြော် အဆင်သင့်ဖြစ်ပါပြီ!

ဂျုံနယ်ပြီး နောက်တစ်ဆင့်မှာ ဂျုံကို တဆေးဖောက်ရန်ဖြစ်သည်။

၎င်းမှာ လူ၏စွမ်းရည်နှင်ဆိုင်သည်မဟုတ်ဘဲ အချိန်သည်သာ အဓိကဖြစ်သည်။

ပဲပိစပ်ဆီအနည်းငယ် လောင်းထည့်၍ အပေါ်မှ နာရီဝက်ခန့်အုပ်ထားလိုက်သည်။

ထိုနာရီဝက်အတွင်း ရှုလဲ့ ပြင်ဆင်လိုသည်မှာ ကုန်းပေါင်ကြီးကြော် ဖြစ်၏။

ရှုလဲ့မှာ system ကမ္ဘာထဲတွင် ထိုဟင်းချက်နည်းနှင့် အကြိမ်ရေငါးထောင်မျှ ရင်းနှီးကွမ်းဝင်သည်အထိ လေ့ကျင့်ထားခဲ့သော်ငြား ဤသည်မှာတော့ ကမ္ဘာအစစ်တွင် ပထမဆုံးအကြိမ် ချက်ပြုတ်ခြင်းဖြစ်သည်လေ။

ထို့အပြင် စားသုံးသူများ၏ အသိအမှတ်ပြုမှုရရန်လည်း လိုအပ်သေး၏။ ထို့ကြောင့် ရှုလဲ့ စိတ်လှုပ်ရှားနေမိသည်။

ဆရာမလီသည်တော့ ဘေးမှ အာရုံစူးစိုက်၍ ကြည့်နေပေ၏။

သူမသည် ဟင်းချက်မတော်ပေ။ သို့သော် ရှုလဲ့ထံမှ ၅၀ ရာခိုင်နှုန်းခန့်… မဟုတ် ၃၀ရာခိုင်နှုန်းခန့် သင်ယူနိုင်လျှင်ပင် သူမ,စိတ်‌ကျေနပ်ပါ၏။

တကယ်တမ်းတော့ ထိုအကြောင်းရင်းပင်ဖြစ်ပေသည်။

ရှုလဲ့ချက်သည့် ကုန်းပေါင်ကြီးကြော်သည်  system မှ ပေးအပ်သည့် ပြီးပြည့်စုံ၍ အစစ်မှန်ဆုံးသော ဟင်းချက်နည်းဖြစ်သည်။

ကြယ်ငါးပွင့်ဟိုတယ်သည်ပင် ရှုလဲ့၏လက်ရာထက် အရသာ ပိုကောင်းနိုင်လိမ့်မည်မဟုတ်‌ပေ။

ပိုကောင်းနိုင်ခြေရှိသည့် တစ်ခုတည်းသော အကြောင်းမှာ…

စီချွမ်းဟင်းလျာများကိုသိသည့် တော်ဝင်မျိုးနွယ်မိသားစုမှ ချက်ပြုတ်ခြင်း သို့မဟုတ်  တော်ဝင်စားဖိုမှူးမိသားစုမှ ဆင်းသက်လာသူများ ချက်ပြုတ်ခြင်းဖြစ်လျှင်မူ ရှုလဲ့ နှင့်ယှဉ်နိုင်ပေလိမ့်မည်။

ထိုသူများမှ မဟုတ်လျှင်တော့ ရှုလဲ့နှင့် ယှဉ်နိုင်ဖွယ်ရာ မရှိပေ။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now