အခန်း၇။ အဓိကဟင်းပွဲအား ချက်ပြုတ်ခြင်း- ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်

766 90 1
                                    

အခန်း၇။ အဓိကဟင်းပွဲအား ချက်ပြုတ်ခြင်း- ခရမ်းချဉ်သီးကြက်ဥစွပ်ပြုတ်

“မင်္ဂလာပါ ဆရာမလီ”

ရှလဲ့က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ ရှလဲ့လေး”

ဆရာမလီမှ ‌နွေးထွေးစွာ ပြုံးပြလိုက်၏။

“ကျွန်တော့်ညီမလေး ကျောင်းမှာ ဘယ်လိုနေလဲဗျ။ ဆရာမတို့ကို ဒုက္ခများစေတာများ ရှိလားမသိဘူး”

တစ်ခြားမိဘများကဲ့သို့ ရှလဲ့လည်း ‌ရှထျန်း၏ ကျောင်းတက်ရသည့် အခြေအနေကိုမေးလိုက်သည်။

“ရှထျန်းက ကောင်းကောင်းလုပ်ပြီး ဆရာတွေရဲ့စကားကိုလည်း သေချာနားထောင်ပါတယ်”

ရှထျန်းအကြောင်း မေးလိုက်သည့်အခါ ဆရာမလီသည် ဦးစွာချီးမွမ်းပြောဆို၏။

ထို့နောက် ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ ထပ်ပြောလာ၏။

“တစ်ခုပဲ… စားသောက်တဲ့အချိန်‌ဆို ကောင်းကောင်း မပြုမူတော့ဘူးရယ်။ အဲဒါမျိုးက ဖြစ်တတ်ပါတယ်လေ။ အစ်ကိုဖြစ်သူရဲ့ ထိပ်တန်းဟင်းချက်လက်ရာကို စားဖူးပြီးမှတော့ ဆရာမတို့ ကျောင်းရဲ့စားစရာတွေက အရသာသိပ်မကောင်းတော့တာ အသေအချာပဲပေါ့”

ဆရာမလီ ပြောလိုက်သည့်စကားကြောင့် ရှလဲ့မှာ ရှက်သွားရသည်။

“ကျွန်တော် တကယ်အားနာပါတယ်ဗျာ။ ကျွန်တော့်ညီမလေးကြောင့် ဆရာမတို့ဒုက္ခများသွားရပြီ။ တကယ်အားနာမိပါတယ်”

“ရပါတယ်။ ဒါက ဆရာမတို့ရဲ့ တာဝန်ပဲလေ”

စကားအနည်းငယ်ပြောဆိုပြီးနောက်
ရှလဲ့က ရုတ်တရက် မေးလိုက်သည်။

“ဆရာမလီ နေ့လည်စာ စားပြီးပြီလား”

ထိုမေးခွန်းကိုကြားလိုက်သည်တွင် ဆရာမလီမှာ အစတော့ အံ့အားသင့်သွား၏။

ထို့နောက် မနက်က စားခဲ့ရသည့် ‌ဆီချက်ခေါက်ဆွဲကို သတိရသွား၏။

ထိုခေါက်ဆွဲမှာ သူစားခဲ့ဖူးသမျှ ခေါက်ဆွဲများထဲတွင် အရသာအရှိ‌ဆုံးသောခေါက်ဆွဲဟု ‌ပြောနိုင်ပေသည်။
ယခုပြန်စဉ်းစားလျှင်ပင် စားချင်စိတ်တို့ပေါက်ဖွားလာရ၏။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now