အခန်း (၈)

6.9K 762 5
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၈


အပြင်မှ ပျားပန်းခပ် ခြေသံများကို ကြားလိုက်ရသောအခါ လီယွမ်မင်သည် သူ့မျက်ခုံးများကို ပွတ်သပ်ပြီး တိတ်တခိုး သက်ပြင်းချမိသည်။ သုံးရက်သာရှိသေးသော်လည်း သူမ ငြိမ်ငြိမ် မထိုင်နိုင်တော့ပေ။


သူသည် သက်ပြင်းအသာအယာချပြီး မတ်တပ်ရပ်လိုက်သည်။ သူမကို နှုတ်ဆက်ဖို့ အပြင်မထွက်ခင်မှာ ဝမ်ကွေ့ဖေး နန်းတွင်းအစေခံများ​၏ အနောက်နန်းဆောင်တံခါးဆီသို့ လှုပ်ရှားတက်ကြွစွာ  စီတန်းလျှောက်လာနေပုံကို တွေ့လိုက်ရသည်။


လီယွမ်မင်သည် မျက်လွှာချကာ ဝတ်ရုံအနားကို ခါလိုက်ပြီး မြေပြင်ပေါ် ဝပ်တွားကာ "နျန်နျန် ကြွရောက်လာတာကို ကြိုဆိုပါတယ်"ဟု ပြောလိုက်သည်။ 



"ယဉ်ကျေးဖို့ မလိုပါဘူး!" ဝမ်ချောင်လွမ်၏ မျက်နှာပေါ်တွင် ကြည်နူးဖွယ် အပြုံးတစ်ခု တင်ရှိနေသည်။ သူမက သူ့ကိုကူရန် အမြန်ခြေချလိုက်ပြီး "အပြင်လူမရှိဘူး၊ ဒါကြောင့် မင်း မလိုအပ်တဲ့ လောကဝတ်တွေ လုပ်ဖို့မလိုဘူး"


သူမက လီယွမ်မင်၏လက်မောင်းကို ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာမှာ စိုးရိမ်မှုပြနေသည်။ သူ့ကို အပေါ်အောက် ကြည့်လိုက်ပြီး-


"ငါ မင်းကို ခေါ်ဖို့ အကြိမ်ပေါင်းများစွာ လူတွေ စေလွှတ်လိုက်ပေမယ့် မင်းက ဘယ်တော့မှ ရောက်မလာခဲ့ဘူး။ ဒါက ပန်ကုံးကို တကယ့်ကို စိုးရိမ်စေတယ်။ ကံကောင်းစွာနဲ့ အသားအရည်ကိုကြည့်ရတာတော့ အလွန်အကျူးဖြစ်ပုံမပေါ်ဘူး" 


လီယွမ်မင်က ကျေးဇူးတင်သော အမူအရာဖြင့်  "နျန်နျန်ရဲ့ စိုးရိမ်ပူပန်ပေးမှုတွေအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ယွမ်မင် နေကောင်းလာပါပြီ"



သူ့စကားမဆုံးခင် ဝမ်ချောင်လွမ်က ချက်ချင်း ပြစ်တင်မောင်းမဲလိုက်ပြီး "ဒီကလေး၊ နေကောင်းနေပြီကို၊ ပန်ကုံးက မင်းကို အကြိမ်ပေါင်းများစွာ ချော့ပြီးတောင်းပန်နေတဲ့အချိန်မှာတောင် မင်းက ဘာလို့မလာတာလဲ? ပန်ကုံးက မင်းအကြောင်း အမြဲတွေးပြီး အရည်အသွေးကောင်း ရွှယ်ဖုန်းကျောက်စိမ်းပစ္စည်းအသစ်တချို့ကို တွေ့လိုက်ရတာ ကံကောင်းတယ်၊ မင်းအတွက် တချို့ချန်ထားတယ်။ ပြီးတော့ ဒီကိုတောင် တကူးတက လာလည်ခဲ့တယ်။ မေးကြည့်ကြည့်၊ လီယွမ်လန်တောင်မှ ဒီလို ဆက်ဆံခြင်းမျိုး ခံရဘူးလားဆိုတာ"



အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Место, где живут истории. Откройте их для себя