အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၅၉
ညသည် ရေကဲ့သို့ အေးမြပြီး လရောင်က မှိန်ဖျော့နေသည်။
အပြင်မှာ စောင့်နေသော အစေခံအမျိုးသမီးသည် လက်ကိုယှက်ပြီး ရိုသေစွာ မေးလိုက်သည်- "အရှင့်သား၊ ဟင်းတွေကို နွှေးစေချင်ပါသလား?"
လီယွမ်မင်သည် အေးစက်နေပြီဖြစ်သော ဟင်းပွဲများကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်လက်ပျက်ဟန် ပေါ်နေပြီး သက်ပြင်းချကာ- "မလိုဘူး၊ ယူသာ သွားလိုက်တော့"
"ဒါပေမဲ့ အရှင့်သား မစားရသေးဘူးလေ၊ ဒါ..."
လီယွမ်မင်သည် လန့်သွားသည်၊ ထမင်းမစားရသေးမှန်း အခုမှ သတိရလိုက်ပေမယ့် သူ့မှာ စားချင်စိတ်မရှိတာ ကြာပါပြီ။ အဖွားဝမ်၏ ညည်းတွားခြင်းကို ကြောက်ရွံ့သောကြောင့် မျက်စိထဲတွင် နှစ်လိုဖွယ်ပိုကောင်းသော စားပွဲပေါ်ရှိ ပန်းကန်လုံးတစ်လုံးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်- "ဒီကျောက်စိမ်းလုံးစွပ်ပြုတ်ပန်းကန်ကိုပဲ နွှေးပေးပါ၊ ပန်းကန်တစ်ဝက်လောက်ဆို ရပါပြီ"
အစေခံအမျိုးသမီးက ပျော်သွားပုံပေါ်သည်။ သူမက တုံ့ပြန်ပြီး အစေခံမိန်းကလေးအနည်းငယ်နှင့်အတူ အစားအသောက်ပြင်ဆင်ရန် သွားစဉ် လီယွမ်မင်က သူမကို ထပ်တားလိုက်သည်။
"အဖွားဝမ်၊ စုန်းကျူကို အထဲလာခိုင်းလိုက်အုန်း"
မကြာခင်မှာပဲ စုန်းကျူသည် စူးစမ်းသောအကြည့်နှင့် အမြန်ဝင်လာပြီး- "အရှင့်သား?"
လီယွမ်မင်သည် အသာအယာ ချောင်းဟန့်ပြီး သူ့ကို မေးလိုက်သည်- "တပ်မှူးနီ ပြန်လာတာကို တွေ့သေးလား?"
စုန်းကျူက အလျင်စလို ပြန်ဖြေသည်- "ကျွန်တော်မျိုး အခုထိတော့ မတွေ့သေးပါဘူး"
"သူ သတင်းပို့ထားလား?"
စုန်းကျူ ခေါင်းယမ်းလိုက်သည်။
လီယွမ်မင်သည် အံ့သြသွားသည်။ နီလျဲ့သည် အကြောင်းပြချက်မရှိဘဲ အချိန်အကြာကြီး သူ့ကို ဘယ်လိုလုပ် စောင့်နေခိုင်းနိုင်တာပါလိမ့်၊ အရေးပေါ်ကိစ္စရှိလျှင် တစ်ယောက်ယောက်ကို သူ့ဆီ သတင်းပါးခိုင်းမည်မှာ မလွဲမသွေပင်။ ဒါသည် တကယ့်ကို မကြုံစဖူးသော အရာဖြစ်သည်။ သူသည် စိတ်မပူဘဲ မနေနိုင်စွာ ချက်ချင်း အမိန့်ပေးလိုက်သည်။
VOCÊ ESTÁ LENDO
အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။
Romanceဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်က အင်အားကြီးလာပြီးတော့ ပုန်ကန်တဲ့အခါ ရက်ရက်စက်စက် သေခဲ့ရပါတယ်။ သူက ပြန်မွေးလာပြီးတဲ့နေ...