အခန်း (၃၀)

4.9K 391 7
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၃၀

ခြစ်ခြစ်တောက်ပူသော နေမင်း​၏ အလျှံညီးညီးမီးတောက်သည် ကမ္ဘာမြေကြီးကို အလွန်ပူအိုက်စေသည်။ ဈေးထဲတွင် ပွဲတော်ပြီးသွားသည့်နောက် ယခုဆို လမ်းပေါ်တွင် လူနည်းသွားပြီဖြစ်သည်။ နောက်ဆုံးတွင် နေ့လယ်ခင်း၌ လူများသည် နွေရာသီ​၏ ပျင်းရိငြီးငွေ့ဖွယ်လက္ခဏာများ ရှိသည့် လမ်းမများနှင့် လမ်းကြားများမှ ပျောက်ကွယ်သွားပုံရသည်။

နီလျဲ့သည် ကွမ်အန်းအိမ်တော်၏ ကမ္ဗည်းပြားကို ကြည့်ရင်း သူ့မျက်လုံးများသည် ကြည်လင်အေးချမ်းသွားကာ အတွင်းဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

သူသည် အိမ်နောက်ဖေးစာဖတ်ခန်းသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။

စာဖတ်ခန်း​၏ တံခါးခုံတွင် လူတစ်ဦး၏ အကျယ်တစ်ဝက်ခန့်ရှိသည့် တိမ်သော အင်တုံတစ်ခု ရှိပြီး ရေခဲများဖြင့် ပြည့်နေသည်။ ဘေးဘက်ရှိ ရေဘီးကို ပန်ကာလည်ရန် ဖိထားပြီး စာဖတ်ခန်းဆီသို့ အေးမြသော လေနုအေးကို ဖြည်းညှင်းစွာ ပေးပို့နေသည်။

သူ့ခြေသံများကို ဖုံးလွှမ်းထားသည့် ရေဘီးသံကြောင့်ဖြစ်နိုင်သည်၊ စာဖတ်ခန်းထဲတွင် တရားဝင်မှတ်တမ်းမှတ်ရာများကို လှန်လှောကြည့်ရှုနေသော ယောက်ျားသည် သူဝင်လာသည်ကို သတိမထားမိခဲ့ပါ။

နီလျဲ့သည် တံခါးကိုသာ မှီ၍ သူ့ကို ကြည့်နေခဲ့သည်။

ပုံမှန်အဝတ်အစားများကို မလဲရသေးတဲ့အတွက် သူသည် အပြင်ကနေ ပြန်ရောက်လာခါစဖြစ်သည်ကို တွေ့နိုင်ပါသည်။ အဖြူရောင်စပါးအုံးမြွေ အင်္ကျီလက်အနားနှင့် ခရမ်းရောင် ရွှေသရဖူကို ဆောင်းထားပြီး သူ၏ ကိုယ်ဟန်အနေအထားမှာ ဖြောင့်ဖြောင့်တန်းတန်းရှိသည်။ ပြဿနာတစ်ခုခုကို သတိပြုမိပုံရပြီး မျက်မှောင်ကျုံ့ကာ နှုတ်ခမ်းများကို အနည်းငယ်စေ့ကာ အေးစက်ဖြူဖွေးသော လက်သွယ်သွယ်ကို မြှောက်လိုက်သည်။ ထိုလက်ဖြင့် နှုတ်ခမ်းကို ထိလိုက်ပြီး တစ်ခုခုက ဖမ်းစားသွားသလိုမျိုး သူ့လက်ချောင်းများကို အနည်းငယ် ပွတ်သပ်နေသည်။

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Tempat cerita menjadi hidup. Temukan sekarang