အခန်း (၂၀)

6.1K 633 0
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၂၀

ညကနက်နေပြီဖြစ်သည်။ အေးမြသောလေနုအေးသည် နေ့​၏ မွန်းကြပ်သောအပူကို လျော့ပါးစေပြီး အေးမြမှုအနည်းငယ်ကို မွေးဖွားပေးခဲ့သည်။

ရွှင်ထိုင်အိမ်တော်အတွင်းတွင် ယွမ်ချုံရှန်းသည် ရုံးအရေးကိစ္စဆွေးနွေးရန် တစ်စုံတစ်ယောက် စောင့်နေပြီ ဖြစ်သော ဧည့်ခန်းမအတွင်းသို့ ခြေလှမ်းကျဲကျဲ လျှောက်ဝင်လာခဲ့သည်။

"လူကြီးမင်း၊ ဒီအရာရှိ​ကို ဒီကိုလာဖို့ ဘာလို့ အမြန်ဆင့်ခေါ်ရတာပါလဲ?"

သူ့ကို စကားပြောနေသူမှာ မြို့တော်မှခေါ်လာခဲ့သော ယွမ်ချုံရှန်း​၏ ယုံကြည်ရသော ညာလက်ရုံး၊ ရွှင်ထိုင်အိမ်တော်​၏အကြံပေးချောင် ဖြစ်သည်။

ညအချိန်ဖြစ်ပြီး အပူချိန်တော်တော် ကျဆင်းသွားသော်လည်း တစ်လမ်းလုံး အလျင်စလို လာရသည့်အတွက် သူ့တစ်ကိုယ်လုံးတွင် ချွေးများထွက်နေသည်။ သူ့အင်္ကျီလက်ကို ဆွဲကာ ချွေးသုတ်လိုက်သည်။ ယွမ်ချုံရှန်း မျက်နှာမကောင်းသည်ကို မြင်တော့ အကြံပေးချောင်သည် တော်တော်လေး သတိထားပြီး လေးနက်သည်ကို ခံစားလိုက်ရသည်။

ယွမ်ချုံရှန်း​၏ မျက်နှာသည် ဖြူဖျော့နေသည်။ စားပွဲပေါ်သို့ တစ်စုံတစ်ခုကို ပစ်ချလိုက်တော့ ထိုအရာသည် ငွေစာရင်းစာအုပ်ဖြစ်နေသည်။

အကြံပေးချောင်သည် အလျင်စလို ရှေ့သို့တိုးလာကာ ကောက်ယူပြီး စာမျက်နှာအနည်းငယ် လှန်ကြည့်လိုက်သည်။ မျက်မှောင်ကျုံ့ရင်း ယွမ်ချုံရှန်းကို သတိကြီးစွာ ကြည့်လိုက်ပြီး-

"လူကြီးမင်း၊ ဒါက..."

ယွမ်ချုံရှန်းသည် သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်သို့ လေးလံစွာ ညွှန်ပြပြီး "ဒါက မင်းရဲ့အထက်လူကြီးကို ကွမ်အန်းဘုရင်ပေးခဲ့တဲ့ ငါ့ရဲ့ ငွေစာရင်းစာအုပ်ပဲ"

"ဒါ...ဒါက လယ်ကွင်းရဲ့ ငွေစာရင်းစာအုပ်မလား?" အကြံပေးချောင်သည် ထိတ်လန့်သွားပြီး စာမျက်နှာအနည်းငယ်ကို ဂရုတစိုက် လှန်မကြည့်ဘဲ မနေနိုင်ခဲ့ပါ။ အရမ်းအသေးစိတ်ကျလွန်း၍ ပိုလို့ပင် အံ့ဩသွားပြီး "ကွမ်အန်းဘုရင်က ဒီငွေစာရင်းစာအုပ်ကို ဘယ်ကနေယူလာခဲ့တာလဲ... ... ပြီးတော့ ဒီလိုအသေးစိတ်ပါ?"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Où les histoires vivent. Découvrez maintenant