အခန်း (၆၀)

2.5K 249 7
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၆၀

လူတိုင်း ဆုတ်ခွာသွားသောအခါ နီယင်းသည် နောက်ဆုံးတွင် နီလျဲ့ဘေးမှ ခြေလှမ်းခပ်သွက်သွက် သွားလိုက်သည်။ သူမသည် ချစ်မြတ်နိုးစွာ သူ့လက်မောင်းကို ကိုင်လိုက်ပြီး သူမ​၏ ဂုဏ်ယူစရာကို တီးတိုးပြောလိုက်သည်-

"အရှင့်သားကောကော၊ နောက်ဆုံးတော့ ရောက်လာပြီ။ ဒီနေ့ ကျွန်တော်မျိုးမ ဘယ်လောက် အင်အားကြီးတယ်ဆိုတာ သိမှာ မဟုတ်ဘူး"

နှစ်ယောက်​၏ ရောယှက်နေသော လက်မောင်းနှစ်ဖက်ကို ကြည့်ရင်း နီလျဲ့၏ မျက်လုံးများ မည်းမှောင်သွားကာ လက်သီးများကို ဆုပ်လိုက်သည်။

နီယင်း၏မျက်နှာသည် နီရဲနေပြီး သူမသည် နီလျဲ့နှင့် လေ့ကျင့်ရန် စစ်တန်းလျားတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သောကြောင့် ဖြူနေပြီဖြစ်သော အသားအရည်သည် ဂျုံရောင်အဖြစ် ပြန်ပြောင်းသွားပြီး အရင်ကထက်ပင် ပိုမည်းနေသည်။ လီယွမ်မင်သည် မျက်မှောင်ကျုံ့လိုက်သည်။ သို့သော် သူမ ပျော်နေသည်ကို မြင်ပြီး အခုအချိန်မှာတော့ သူသည် သူမအပေါ် ရေအေးလောင်းမချနိုင်ပါ၊ သူ​၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး ယဲ့ယဲ့လေးသာ ပြုံးလိုက်သည်။

နီယင်းသည် စိတ်လှုပ်ရှားပြီး သူမနှာခေါင်းကို ကိုင်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် ကြွားသည့်အလား သူမခါးရှိ ဖယောင်းနဂါး လေးကို ယူလိုက်သည်။ မြှားအနည်းငယ်ပစ်လွှတ်လိုက်ပြီး ပွတ်တိုက်သွားသော အသံအစဉ်လိုက်နှင့်အတူ ဒုတ်ခနဲ အသံသုံးသံထွက်လာပြီး မြင်းချည်ထားသော သစ်သားချည်တိုင်သည် ဖုန်များနှင့်အတူ ပျံလာသော မြှားသုံးစင်းကြောင့် တကယ့်ကို နှစ်ခြမ်းကွဲသွားသည်။

"အရှင့်သား၊ မြင်လိုက်တယ်မလား၊ ကျွန်တော်မျိုးမကို သင်ပေးတာ အစ်ကိုကြီးလေ။ လေးအတတ်က အားကြီးတာ အပေါ်မှာပဲ မူတည်တာ မဟုတ်ဘူးဆိုတာ အခုမှပဲ သိသွားတာ၊ ဟီးဟီး... အိမ်တော်က ကောင်လေးတွေ ကျွန်တော်မျိုးမ စကားကို မနာခံဝံ့မလားဆိုတာ ကြည့်မယ်!"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now