အခန်း ၉၄
မိုးကုပ်စက်ဝိုင်းသည် အရုဏ်ဦးကောင်းကင်၏ စကျင်ကျောက်ဖြူရောင်ကို ပြသနေသည်။ မြို့တော်၏ လမ်းများသည် ဆူညံသံများဖြင့် တဖြည်းဖြည်း စည်ကားလာသည်။ လမ်းသွားလမ်းလာများက တစ်ယောက်ပြီး တစ်ယောက် လမ်းပေးနေစဉ် မြင်းခွာသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရထားလုံးသည် ကျောက်ပြားခင်းထားသောလမ်းပေါ် ဖြတ်နင်းသွားကာ နန်းတော်တံခါးဝဆီသို့ ဦးတည်သွားခဲ့သည်။
ရထားလုံးအတွင်းတွင် လီယွမ်မင်သည် ဘေးကို မှီပြီး မျက်လုံးများကို မှိတ်ကာ အားဖြည့်နေခဲ့သည်။
ဘေးနားရှိ နီယင်းသည် မျက်ခုံးမွှေးများကြားက စိုးရိမ်သောအကြည့်ဖြင့် စိုက်ကြည့်နေပြီး သူမ၏ အကြည့်သည် သူ့ထံမှ လွှဲဖယ်သွားခြင်းမရှိခဲ့ပါ။ မနေ့က သူ နေကောင်းနေပါသည်၊ ဒီမနက် အိပ်ရာကထမှ ဘာလို့ ဒီလို ပုံစံမျိုး ဖြစ်နေရတာလဲဟု သူမ တွေးနေမိသည်။ သူ၏ မူလက နီရဲနေသော နှုတ်ခမ်းများသည် အရောင်ဖျော့ဖျော့သာ ရှိတော့ပြီး သူ့မျက်လုံးများသည်လည်း နေမကောင်းသကဲ့သို့ အပြာရောင် အရိပ်အယောင်များ တောက်ပနေခဲ့သည်။ သူမသည် ချန်ဦးလေးကို မေးခဲ့ပေမယ့် သူ ကောင်းကောင်း အိပ်မပျော်ခဲ့၍ မနက်စောစောတွင် သူ့အတွက် စိတ်ငြိမ်ဆေးအချို့ကို ကျိုထားပြီးပြီဟုသာ ပြောလာသည်။
နီယင်းသည် မသိသာသေးသော သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို မကြည့်ဘဲမနေနိုင်ခဲ့ဘဲ အသံမကြားရလုနီးနီး သက်ပြင်းကို ချလိုက်သည်။ သူမရှေ့ကလူ၏ အပေါ်ရုံကို နည်းနည်း ပိုတင်းသွားအောင် သူမ ဆွဲလိုက်သည်။
သူမ၏ စိတ်ထဲတွင်တော့ လင်နန်သို့ မြန်နိုင်သမျှမြန်မြန် ပြန်သွားရပါလို၏ဟု တိတ်တိတ်လေး ဆုမတောင်းဘဲမနေနိုင်ခဲ့ပါ။ သူမသည် အမှန်စင်စစ် မြို့တော်၏ ဒီသရဲတစ္ဆေနေရာတွင် လုံးဝ နေချင်စိတ်မရှိပါ။
***
ဆုတောင်းပွဲ ကျင်းပရာ နန်းဆောင်တွင် အမွှေးတိုင်၊ ဖယောင်းတိုင်များ၊ သစ်သားငါးသံ၊ တစ်ယောက်ပြီးတစ်ယောက်၏ ရွတ်ဖတ်နေသံများသည် တစ်လှိုင်းပြီး တစ်လှိုင်း တိုးသွားလိုက် ကျယ်သွားလိုက်ဖြင့် ပြည့်နှက်နေခဲ့သည်။
YOU ARE READING
အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။
Romanceဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်က အင်အားကြီးလာပြီးတော့ ပုန်ကန်တဲ့အခါ ရက်ရက်စက်စက် သေခဲ့ရပါတယ်။ သူက ပြန်မွေးလာပြီးတဲ့နေ...