Part 91

1.5K 156 2
                                    


အခန်း ၉၁

ဟော်ယွင်ယိ့သည် အစိမ်းရောင်အင်္ကျီကို ၀တ်ဆင်ထားပြီး ပထမဆုံး အကြည့်တစ်ချက်တွင် သူသည် ရိုးသားသော စာရေးတစ်ဦးနှင့် တူနေသည်။ သူ့မှတ်ဥာဏ်ထဲက ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးနှင့် နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ် ပို၍ တည်ငြိမ်နေသည်။

လီယွမ်မင်သည် နေ့လယ်က နန်းတော်တွင် သူမြင်ခဲ့သော ဒုတိယအဆင့်အထက်ရှိသူများအတွက်သာ ရနိုင်သော တော်ဝင်ဆေးဝတ်စုံကို အမှတ်ရလိုက်မိသည်။ ဒီရှစ်နှစ်တာကာလသည် မရှည်လျားသလို တိုတောင်းလှသည်တော့ မဟုတ်ပါ၊ သို့သော် ဒီငယ်သူငယ်ချင်းသည် ဆေးအရာရှိငယ်အဆင့်မှ ထိုကဲ့သို့ရာထူးသို့ ရာထူးတိုးမြှင့်ခံရကာ အသက်နှစ်ဆယ့်ခြောက်နှစ်သာ ရှိသေးပြီး အတောမသတ်နိုင်သော အနာဂတ်နှင့်အတူ ငယ်ရွယ်ပြီး အလားအလာကောင်းသူအဖြစ် မှတ်ယူနိုင်ပါသည်။

သူ့စိတ်ထဲတွင် ပိုပိုပြီး အားရဝမ်းသာနေခဲ့သည်။

သူသည် ယခင်ဘဝ၏ ကံကြမ္မာ ဖြစ်ပေါ်လာမှုကို ရှောင်ရှားရန် သူ့ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။ သူ၏ တစ်ဦးတည်းသော ငယ်သူငယ်ချင်းသည် သူ၏ ပင်ကိုယ်စွမ်းရည်ဖြင့် သူတက်လှမ်းနိုင်သည့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်- ခွင့်ပြုချက်မရှိဘဲ အခြားသူများ၏ ကံကြမ္မာကို ပြောင်းလဲခြင်းအတွက် သူ့ကို အပြစ်တင်လိမ့်မည် မဟုတ်သောသူသည် သူ တစ်ဦးတည်းသာ ဖြစ်မည်ဟု ယူဆနိုင်ပါသည်။

လီယွမ်မင်၏နှလုံးသားသည် အကြောင်းပြချက်မရှိဘဲ အပ်စူးနေသကဲ့သို့ နာကျင်မှုကို ခံစားနေရသော်လည်း ကြီးမားသော ပျော်ရွှင်မှုသည် လျင်မြန်စွာ လွင့်ပျံလာကာ လွန်ခဲ့သည့် နှစ်လအတွင်း ယနေ့သည် သူ့ကို အလွန်ပျော်ရွှင်စေသောနေ့ ဖြစ်သည်။

လီယွမ်မင်သည် တစ်ခုခုကို တွေးမိပြီး သူ့ခါးမှ ကျောက်စိမ်းပိုင်းကို ဖြုတ်ကာ ဟော်ယွင်ယိ့ကို ကမ်းပေးလိုက်သည်- " ဒီကျောက်စိမ်းပိုင်းက အရည်အသွေး ကောင်းတဲ့ ပစ္စည်းတော့မဟုတ်ပေမယ့် လင်နန်မှာရှိတဲ့ ဗုဒ္ဓဘာသာဘုရားကျောင်းကနေ ယူလာခဲ့တာပါ၊ နတ်ဆိုးတွေကို မောင်းထုတ်ရာမှာ ဒီ့ထက် ဘာမှ ပိုမကောင်းနိုင်ပါဘူး။ ငါ မြို့တော်မှာ ဘယ်လောက်ကြာကြာနေနိုင်မလဲ မသိဘူး၊ မင်းမိန်းမ မွေးပြီးတဲ့အထိ မစောင့်နိုင်မှာကို စိုးတယ်၊ ဒါက ငါတစ်ခါမှမတွေ့ရသေးတဲ့ ကလေးအတွက် ဆုံတွေ့ခြင်း လက်ဆောင်ပါ"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now