အခန်း (၁၀)

7.3K 691 0
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၀


"မရိုင်းစိုင်းနဲ့!"


ဝမ်ချောင်လွမ်က ဒေါသတကြီးအော်ပြောလိုက်ပေမယ့် ဒီတစ်ခါ ဆန့်ကျင်သူက သူမ​၏ 

သားတော်လီယွမ်ရွှိ့ပါ။

လီယွမ်ရွှိ့သည် သူ၏တော်ဝင်မယ်တော်မှ အခြားသူအပေါ်  ဤမျှအကာအကွယ်ပေးနေသည်ကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်ပါသည်။ ထို့အပြင် ထိုသူသည် လုံးဝအရေးမပါသော နိမ့်ကျသည့် လူတစ်ဦးမျှသာဖြစ်သည်။ သူ့မာနကို ခဏလောက် စွန့်လွှတ်ချင်စိတ်မရှိ၍ စကားအနည်းငယ်ပြောတော့မည်ပြုစဉ် သူမမျက်နှာပေါ်က စိုးရိမ်ဖွယ် စိတ်ပျက်လက်ပျက်အမူအရာကို သူမြင်လိုက်ရသည်။ သူမစိုးရိမ်နေပုံရသည်။ အဆုံး၌ ထိုအချိန်တွင် တော်ဝင်မယ်တော်၏ ပြောင်းပြန်စကေးကို မထိဝံ့ဘဲ လီယွမ်မင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ မိမိဘာသာ ချုပ်တည်းထားနိုင်ခဲ့သည်။

ဝမ်ချောင်လွမ်သည် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်သည်။ သူမသည် လီယွမ်လန်ကို စုန်ဆန်ကြည့်ကာ ပြုံးနေသော်လည်း မပြုံးသည့်ဟန်ဖြင့် "ဒုတိယမင်းသားက လူတွေကို သွေးထိုးလှုံ့ဆော်ရာမှာ တကယ်ကျွမ်းကျင်တာပဲ"


လီယွမ်လန် လန့်သွားသည်။ သူ့လက်နှစ်ဖက်ကို အရိုအသေပြုဟန် လုပ်လိုက်ပြီး "ယွမ်လန် မလုပ်ဝံ့ပါဘူး"

သူ့စိတ်ထဲတွင် ယခုပင် သူ၏လှုံ့ဆော်မှုကို တိတ်တဆိတ် နောင်တရနေမိသည်။ သီးသန့်ဆိုလျှင် အဆင်ပြေပါသည်။ အရိုင်းအစိုင်း လီယွမ်ရွှိ့ကို သူစိတ်ကြိုက် လုပ်လို့ရပေမယ့် မောင်းမဆောင်တွင် ဆယ်နှစ်ကျော်ကြာ နစ်မြုပ်ထားသော ကျွမ်းကျင် ဝမ်ချောင်လွမ်​၏ ရှေ့တွင် သူ့အတွေးများကို သူမက ဘယ်လိုလုပ် မမြင်နိုင်ဘဲနေမှာလဲ?

မူလက သူ့ကိုယ်သူ အလွန်အမင်း ဖုံးကွယ်ထားခဲ့သည်။ မမျှော်လင့်ဘဲ ထိုအပေါစား ပြဿနာကောင်ကို မြင်လိုက်ရသောအခါ သူ့စိတ်တွေ ပူလာပြီး ဆင်ခြင်ဥာဏ်မဲ့သွားစေခဲ့သည်။ ယခုတော့ ဝမ်ချောင်လွမ်သည် ဒီကိစ္စကို စိတ်ထဲ ဆက်ရှိနေမလားဆိုတာ သူ မသိပါ၊ အကယ်၍...

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Donde viven las historias. Descúbrelo ahora