အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၄၀
ဖယောင်းတိုင်အလင်းအောက်တွင် ချောင်ကန်းသည် စားပွဲပေါ်က စာတွဲများကို ထပ်ရင်း သူ့ရှေ့၌ စစ်ရေးစာအုပ်များကို လှန်လှောကြည့်ရှုနေသော ငယ်ရွယ်သော ကျားနီဘုရင်ကို ကြည့်နေခဲ့သည်။ လက်ရှိတွင် သူသည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးသော အသက်အရွယ်ဖြစ်သည့် ၁၈နှစ်အရွယ်ဆိုပေမယ့် အနာဂတ်က ဟန်အမူအရာပျပျလေး ရှိနေပြီဖြစ်သည်။ အရင်ဘဝကကဲ့သို့ နီလျဲ့သည် ၁၄နှစ်ကတညိးက မည်သူ့ကိုမှ မရှုံးခဲ့ကြောင်းကို သူကြားခဲ့သည်။
--ထူးထူးခြားခြား ပါရမီပါသော အခြားသူများထက်သာလွန်သည့် ခွန်အား၊ တောင်ကို ဆွဲထုတ်နိုင်သည့် စွမ်းအားနှင့်အတူ သူ၏မွေးရာပါစွမ်းရည်သည် သာမန်ထက် ကျော်လွန်သည်။
ချောင်ကန်းသည် ဝမ်းမမြောက်ဘဲ မနေနိုင်ခဲ့ပါ။
ရုတ်တရက် တဲအပြင်မှ အော်သံကို ကြားလိုက်ရပြီး စစ်သည်တစ်ဦးသည် အလျင်စလို ဝင်လာသည်။
"ခေါင်းဆောင်လူကြီးမင်း၊ ဘာများညွှန်ကြားချင်လို့ပါလဲ?"
နီလျဲ့က ပြောသည်- "ခရီးအကွာအဝေးကို တွက်ဆကြည့်ရင် အရှင့်သား ဒီကို မနက်ဖြန်မနက် ရောက်လာလိမ့်မယ်။ သူနေမယ့်တဲကို သေသေချာချာရှင်းထား၊ ဒါပေမဲ့ စစ်တပ်သုံးစောင်တွေ မသုံးနဲ့။ နူးညံ့တဲ့မွေ့ရာလဲလိုက်၊ ပြီးတော့ ရေချိုးအသုံးအဆောင် အားလုံးက အသစ်ပဲဖြစ်ရမယ်"
အစောင့်က တုန့်ပြန်လိုက်သည်။
နီလျဲ့သည် ခဏလောက် စဉ်းစားပြီး- "အရှင့်သားနေမယ့်တဲကို သစ်နံကိုင်းခြောက်နဲ့ အကြိမ်အများကြီး မီးခိုးမှိုင်းတိုက်ထား၊ တဲရဲ့ ဘယ်ထောင့်မှ မလွတ်စေနဲ့"
အစောင့်က နောက်ထပ် တဖန် ပြန်ဖြေသည်။
နီလျဲ့သည် တစ်ခုခုကို ထပ်တွေးနေသကဲ့သို့ စာတွဲကို ချလိုက်ပြီး- "အရှင့်သားအစားအသောက်က ပေါ့ပေါ့ပဲ ဖြစ်ရမယ်၊ စစ်တပ်စားတော်ကဲတွေကို ပြည့်ဝဆီနဲ့ အနှစ်နီနီတွေလိုမျိုး အရာတွေ ထည့်မချက်ခိုင်းနဲ့"
VOCÊ ESTÁ LENDO
အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။
Romanceဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်က အင်အားကြီးလာပြီးတော့ ပုန်ကန်တဲ့အခါ ရက်ရက်စက်စက် သေခဲ့ရပါတယ်။ သူက ပြန်မွေးလာပြီးတဲ့နေ...