အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၂၁
မှောင်မိုက်သောညသည် ချိုမြိန်ပြီး အိပ်မက်များ မမက်ခဲ့ပါ။
လီယွမ်မင် လှည့်လိုက်သည်နှင့် သူ၏အနက်ရောင်ဆံပင်များသည် လှုပ်ရှားမှုနှင့်အတူ ခေါင်းအုံးပေါ်မှ
ဖြာကျလာသည်။ သူ၏ပါးလွှာသော မျက်ခွံများသည် လှုပ်ရှားလာပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူသည် အိပ်ယာထိပ်ရှိ ရင်းနှီးကျွမ်းဝင်သော အတိတ်နိမိတ်ကောင်းသည့် နေ့စဥ်စိတ်သက်သာရာရစေသော ပန်းပုရုပ်ထုကို လစ်ဟာစွာ ကြည့်နေမိသည်။ မနေ့ညက သေရည်အများကြီး သောက်ခဲ့ပေမယ့် ထင်မှတ်မထားစွာ သူသည် ခေါင်းကိုက်မနေခဲ့ပါ။ သူ့နဖူးတွင် အနည်းငယ် မွန်းကြပ်သော ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့လက်ကို မြှောက်ကာ နားထင်ကို နှိပ်နယ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို အားယူကာ ထထိုင်လိုက်သည်။
လုပ်နေကျအတိုင်း သူသည် ကန့်လန့်ကာကို မကာ ကွပ်ပျစ်ရှည်ရှိရာဆီ ကြည့်လိုက်တော့ အံ့ဩသွားသည်။ ထိုနေရာတွင် နီလျဲ့ ရှိမနေပါ။ ကွပ်ပျစ်ရှည်ကိုပင် ယူသွားပြီး သူ့ရှေ့တွင် ဘာမှရှိမနေပါ။
သူ မျက်မှောင်ကြုတ်ကာ ထူးဆန်းသလို ခံစားလိုက်ရသည်။ ယခင်က ဖယ်ခိုင်းရန် တစ်စုံတစ်ယောက်ကို ခိုင်းရသည်။ ဒီနေ့ ဘယ်လိုလုပ် မြန်မြန် ရွေ့သွားရတာလဲ? စောစောထပြီး မြို့စွန်လေ့ကျင့်ရေးကွင်းသို့ သွားဖို့မရှိလျှင် နီလျဲ့က အမြဲတမ်း အပြင်ခန်းမှာ သူနိုးတာကို စောင့်နေခဲ့သည်။ သူဘာလို့ ဒီမှာ မရှိတာလဲ?
သူသည် နေရာမှာပင် အေးအေးဆေးဆေး ဖိနပ်ကိုစီးကာ အိပ်ယာပေါ်မှ ဆင်းလိုက်သည်။
အပြင်ဘက်မှ အစေခံမိန်းမသည် လှုပ်ရှားမှုကိုကြားပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် ဝင်လာသည်- "အရှင့်သား၊ ရေနွေးက အဆင်သင့်ပါပဲ၊ ရေချိုးချင်ပါသလား?"
လီယွမ်မင်သည် အံ့အားသင့်သွားပြီး စီစဉ်ပေးသူမှာ နီလျဲ့ဖြစ်သည်ကို သတိရလိုက်သည်။ မနေ့ညက အများကြီး သောက်လိုက်သည့်အတွက် သူ ရေမချိုးရသေးပါ။ နီလျဲ့သည် အေးစက်ပေမယ့် သူ့နှလုံးသားက ဂရုတစိုက်ရှိပြီး စေ့စပ်သေချာသည်။ သူ့ရင်ထဲမှာ နွေးထွေးသွားပြီး ခေါင်းညိတ်လိုက်သည်။
VOUS LISEZ
အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။
Roman d'amourဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်က အင်အားကြီးလာပြီးတော့ ပုန်ကန်တဲ့အခါ ရက်ရက်စက်စက် သေခဲ့ရပါတယ်။ သူက ပြန်မွေးလာပြီးတဲ့နေ...