အခန်း ၂၃
လရောင်အောက်တွင် လီယွမ်မင်သည် သတိထားပြီး နံရံထောင့်ကို ကျော်တက်ကာ အမိုးပေါ်သို့ရောက်ရန် တံစက်မြိတ်ပေါ်သို့ ဖြည်းညှင်းစွာ တွယ်တက်သွားသည်။ နီလျဲ့သည် သူ့နောက်ကနေ အနီးကပ်လိုက်လာခဲ့သည်။ ရံဖန်ရံခါ သူ့ကို ကူရန် လက်ကမ်းလိုက်သည်။
သူသည် ဒီလိုအကြံမျိုး ထုတ်ခဲ့ဖူးပေမယ့် ၁၆နှစ်ပြည့်ပြီးသွားကတည်းက နောက်ထပ် ဒီလိုမျိုး ရဲတင်းလွန်းမနေတော့ပါ။
သူသည် ကွမ်အန်းဘုရင်ဖြစ်သည်။ သူသည် အိမ်တော်အတွင်းရှိ လူအားလုံးက အားကိုးအားထားပြုရသူဖြစ်သည်။ သူသည် လင်းယုန်ငှက်ကဲ့သို့ သူ၏အတောင်ပံများအောက်တွင် သူတို့ကို ကာကွယ်ရမည်ဖြစ်ပြီး၊ ဒီလိုမျိုး ကလေးမဆန်သင့်ပါ။
သို့သော် ညလေညင်းတိုက်ခတ်လာသောအခါ သူ့အဝတ်အစားများသည် ပြင်းထန်စွာလှုပ်ခါပြီး သူ၏ အနက်ရောင်ဆံပင်များက လွင့်ပျံနေသည်။ လီယွမ်မင်သည် ဘာကိုမှ အရေးမစိုက်ဘဲ လေထဲတွင် သက်ပြင်းရှည်ကြီး ထုတ်လိုက်သည်။ အကျယ်ကြီး အော်ပြောရဲသော သတ္တိရှိစေသော စိတ်လှုပ်ရှားမှုမျိုး သူ့ရင်ထဲတွင် ရှိနေခဲ့သည်။
ဒီအချိန်တွင် သူပါဝင်ကပြရမည့် အခန်းကဏ္ဍ မရှိပါ။ သူသည် ဟန်ဆောင်ရန် မလိုအပ်ပါ၊ သတိကြီးစွာထားရန် မလိုအပ်ပါ၊ မည်သည့်အရာကိုမျှ စဉ်းစားနေရန် မလိုအပ်ပါ။ သူသည် ဒီလောက၏ ညရှုခင်းနှင့် တောက်ပနေသော ကြယ်များကိုသာ ခံစားနိုင်သည်။
အထီးကျန်ဆန်သော ကလေးဘဝ၊ အထီးကျန်အချိန်များသည် သူ၏အတိတ်အမှတ်တရများကို မြုံစေခဲ့သည်။ ယခုတော့ သူသည် ပျောက်နေသော အပိုင်းအစများကို တစ်စစီ ကောက်ယူနေပုံရသည်။
"အားလျဲ့၊ မင်းရော ဒီကိုလာ"
သူသည် အိမ်တော်၏ မြင့်မားသောတံစက်မြိတ်ပေါ်တွင် မဆင်မခြင် လမ်းလျှောက်နေသည့် လူဆိုးကောင်လေးတစ်ယောက်နှင့် တူသည်။ တစ်ချိန်လုံး သူ့နောက်တွင် တစ်ယောက်ယောက်ရှိနေသောကြောင့် သူသည် လုံးဝ ကြောက်မနေခဲ့ပါ။
တိတ်တဆိတ် ဂရုတစိုက်ဖြင့် သူ့ကို ကာကွယ်ပေးနေခဲ့သည်။
ရှစ်နှစ်နီးပါးနေထိုင်ခဲ့သည့် အိမ်တော်ကို သူ ငုံ့ကြည့်မိသည်။ ဒီအိမ်တော်သည် စွန့်ပစ်ထားသော နယ်ခြားစောင့်စစ်သူကြီး၏ အိမ်တော်မျှသာ ဖြစ်ပြီး တစ်ချိန်က ယိုယွင်းပျက်စီးနေခဲ့သည်။ ယခုမူ လုံးဝကို ကွဲပြားသွားပြီဖြစ်သည်။ လူပေါင်းများစွာကို အကာအကွယ်ပေးကာ သက်ဝင်လှုပ်ရှားလျက် သူကိုယ်တိုင် နည်းနည်းချင်းစီတည်ဆောက်ခဲ့ရသော အိမ်ဖြစ်သည်။
VOUS LISEZ
အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။
Roman d'amourဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်က အင်အားကြီးလာပြီးတော့ ပုန်ကန်တဲ့အခါ ရက်ရက်စက်စက် သေခဲ့ရပါတယ်။ သူက ပြန်မွေးလာပြီးတဲ့နေ...