အရင်ဘဝက သစ္စာဖောက် စစ်သူကြီး၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ
အခန်း ၁၃
ဝမ်ချောင်လွမ်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူမသည် ချက်ချင်းပင် ဧကရာဇ်မင်သယ်၏ပေါင်ကို အပြေးကိုင်ကာ ငိုယိုတောင်းပန်လိုက်ပြီး "အရှင်မင်းကြီး၊ ယွမ်ရွှိ့က ငယ်ပါသေးတယ်။ ဒီကြိမ်ဒဏ်နှစ်ဆယ်ကို သူ ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ? သူ့ကို ကောင်းကောင်းမသင်ပြနိုင်လို့ ဒီနေ့ ဒီလိုအမှားမျိုးကို ကျူးလွန်မိစေတဲ့ ကျွန်တော်မျိုးမရဲ့ အပြစ်ပါပဲ။ ဒီနေ့ ဒီအမှားကြီးကို သူ ကျူးလွန်မိလို့ ကျေးဇူးပြုပြီး သူ့နေရာမှာ ကျွန်တော်မျိုးမပဲ အပြစ်ယူပါရစေ အရှင်မင်းကြီး"
"ခမည်းတော်၊ အားချန် မှားသွားပါတယ်။ အခုဆို အားချန် မှားသွားတယ်ဆိုတာ သိပါပြီ" လီယွမ်ရွှိ့သည် ယခုပင် တကယ့်ကို ကြောက်လန့်သွားပြီး ဝမ်ချောင်လွမ်၏ရင်ခွင်ထဲတွင် မျက်ရည်များ စီးကျလာခဲ့သည်။
သားအမိနှစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း တစ်ယောက်ပြီး တစ်ယောက် ငိုကြွေးနေကြသည်။
ဧကရာဇ်မင်သယ်၏ ရင်ဘတ်သည် ပြင်းထန်စွာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေခဲ့သည်။ သူ အမြဲတမ်းချစ်မြတ်နိုးတော်မူခဲ့သော စတုတ္ထသားတော်သည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် ငိုကြွေးကာ ခွင့်လွှတ်ပေးပါရန် တောင်းပန်နေရှာသည်ကို သူကြည့်နေခဲ့သည်။ ထို့အပြင် သူ့ရင်ဘတ်ပေါ်တွင် သူ့ခြေရာများ ရှိနေသည်။ ယခုပင် ဒေါသထွက်နေချိန်တွင် အားအနည်းငယ်သုံးကာ ကန်လိုက်သောကြောင့် သူနာကျင်နေမလားဆိုတာကို မသိပါ။ သူ့နှလုံးသားထဲတွင် ဒေါသစိတ်နှင့် သနားစိတ်များဖြင့် ပြည့်နေသည်။ ရှုပ်ပွနေသော ဆံပင်ဖြင့် ဝမ်ကွေ့ဖေးသည် သစ်တော်သီးပင်မှပွင့်သော ပန်းပွင့်ပေါ်မှ မိုးရေစက်များကဲ့သို့ ငိုကြွေးနေသည်ကို မြင်ရသော် သူ့မျက်နှာပေါ်တွင် နားလည်ရခက်သော မခံမရပ်မနိုင်ဖြစ်နေသည့် အရောင်တစ်ခု စွန်းထင်းလာခဲ့သည်။
လီယွမ်လန်သည် ယနေ့တွင် သူတာဝန်ယူဖို့ လိုကြောင်း သိလိုက်ရသည်။ အခြားသူများက သူ့ကို တိုက်ခိုက်လာသည်ကို စောင့်ဆိုင်းနေမည့်အစား သူ့အသက်အတွက် တိုက်ပွဲဝင်ရမည်။ နေရာမှာပင် အံကြိတ်ကာ မြေပြင်ပေါ်တွင် အပြေးအလွှား ဒူးထောက်ပြီး "ခမည်းတော်၊ ယွမ်လန် ကောင်းကင်ဘုံကို တိုင်တည်ပြီး သစ္စာဆိုပါတယ်၊ ဒီကိစ္စတွက် တတိယညီတော်ကို ဘယ်တုန်းကမှ မစေလွှတ်ခဲ့ပါဘူး။ ပြီးတော့ ကြမ်းကြုတ်တဲ့ကျားက ဘယ်လိုရောက်လာတာလဲဆိုတာလည်း မသိပါဘူး။ ဒါပေမဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ဒီသားတော်ရဲ့ အပြစ်ပါဘဲ!"
ВЫ ЧИТАЕТЕ
အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။
Любовные романыဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သူကြီးတစ်ယောက်က အင်အားကြီးလာပြီးတော့ ပုန်ကန်တဲ့အခါ ရက်ရက်စက်စက် သေခဲ့ရပါတယ်။ သူက ပြန်မွေးလာပြီးတဲ့နေ...