Part 106

1K 139 0
                                    


အခန်း ၁၀၆

လီယွမ်မင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တောင့်တင်းသွားပြီး သူ​၏ လက်ဆယ်ချောင်းသည် နီလျဲ့၏ ဆံပင်အရင်းများထဲသို့ ပွတ်သပ်ကာ သူ့ကို တွန်းထုတ်ချင်နေသည်။ သို့သော် ယခုအချိန်တွင် သူ့ကို မတွန်းထုတ်သင့်ဘဲ၊ အမွေဆက်ခံသူ တစ်ယောက်ကို ကိုယ်ဝန်ဆောင်ရန် ပုံပျက်နေသော ခန္ဓာကိုယ်ကို သူ အသုံးပြုနေကြောင်း သိနေသော အဖော်တစ်ဦး လိုအပ်ကြောင်းမှာ နက်ရှိုင်းစွာ သိသာထင်ရှားလှသည်။

ပြီးတော့ သူ့ရှေ့က အားကောင်းမောင်းသန်လူသည် အသင့်တော်ဆုံးသူတစ်ယောက်ဆိုတာ သိသာပါသည်။

သူ အောက်ကို တစ်ချက် ငုံ့ကြည့်လိုက်သော် ထိုသူသည် သူ​၏ အနည်းငယ် ဖောင်းနေသော ဝမ်းဗိုက်အောက်ပိုင်းကို နမ်းနေရာ ကျောချမ်းဖွယ် ခံစားချက်သည် သူ့မြီးညှောင့်ရိုးမှ တက်လာပြီး သူ့ခြေချောင်းများက တင်းသွားသည်မှာ သူ အော်လုမတတ်ပင်ဖြစ်သွားခဲ့သည်။ သူ့နှုတ်ခမ်းသူ ချက်ချင်းကိုက်လိုက်ပြီး စိတ်ထိန်းရန် သူ့ကိုယ်သူ အသည်းအသန်ပြောရင်း အသက်ရှုအောင့်လိုက်မိသည်။ ရှက်ရွံ့မှု၊ အကူအညီမဲ့မှုနှင့် ကိုယ့်ကိုယ်ကို စက်ဆုပ်မှု အရောအနှောသည် သူ့ကို ဝါးမျိုသွားခဲ့သည်။

နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ ထိန်းချုပ်ကာ နီလျဲ့က သူ့အား အသက်ရှုကြပ်စေသော ရွှံ့ထဲသို့ ဆွဲခေါ်သွားခြင်းတွင် သူသည် မွေ့လျော်သွားခဲ့သည်။

နီလျဲ့သည် လီယွမ်မင်၏ နှုတ်ခမ်းများကို ထပ်မံ ပိတ်ဆို့လိုက်သောအခါတွင် သွေးအစအနများကို မြည်းစမ်းမိရာ သူသည် အံ့အားသင့်သွားခဲ့သည်။

သူသည် ရုတ်​တရက်​ ထရပ်​လိုက်ရာ လီယွမ်​မင်​ ​ချွေး​များထွက်နေသည်ကို တွေ့လိုက်ရသည်။ နားသယ်မွှေးရှိ အနက်ရောင်ဆံနွယ်များက စိုစွတ်နေပြီး လှပသော နတ်သမီးတစ်ပါးလို သူ့နှုတ်ခမ်းများမှ သွေးများ ထွက်နေသည်။

သို့သော်လည်း လီယွမ်​မင်သည် သတိမထားမိသည့်ပုံပေါ်ပြီး နီလျဲ့က သူ့ဝမ်းဗိုက်အောက်ပိုင်းကို လွှတ်လိုက်သည်ကို မြင်ပြီး စိတ်သက်သာရာရသွားသကဲ့သို့ နှုတ်ခမ်းများကိုဆွဲကာ ပြုံးပြပြီး- "တော်ပြီ မင်းပြန်သင့်ပြီ"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now