အခန်း (၁၁)

6.3K 683 1
                                    

အရင်ဘဝက သစ္စာဖောက် စစ်သူကြီး​၏ ကိုယ်ဝန်ကို ငါ လွယ်ထားရပြီ

အခန်း ၁၁


တစ်ဖက်လူက ညင်သာစွာ ပြုံးပြီး ခေါင်းညိတ်ပြသည်။ မင်းမျိုးမင်းနွယ်ကုန်းကျစ်သည် နူးညံ့ရည်မွန်ပြီး ခမ်းနားသော အနာဂတ်အလားအလာရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူသည် သူ့အရင်ဘဝက ပထမဆုံးတွေ့စဉ်ကနှင့် မကွာခြားပေ။


သူ့မျက်နှာကို မြင်လိုက်ရတော့ လီယွမ်မင်သည် သူ့အရင်ဘဝက သူတို့ကြားမှ အဖြစ်အပျက်တချို့ကို ရုတ်တရက် ပြန်သတိရသွားသည်။

လီယွမ်မင်သည် ငယ်စဉ်ကတည်းက အေးစက်စွာ ဆက်ဆံခံခဲ့ရပြီး ကမ္ဘာကြီးပေါ်ရှိ လူသားတို့၏ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုများကို ငယ်ရွယ်စဉ်ကပင် မြည်းစမ်းခဲ့ဖူးသည်။ သူ၏ယခင်ဘဝက ပထမဆုံးတွေ့ဆုံမှုသည် အံ့မခန်းရုံသာမက သူ၏အမှောင်နှစ်များကို ကယ်တင်ခြင်းလည်းဖြစ်သည်။

ငယ်စဉ်ကတည်းက ခါးသီးသော အေးစက်မှုဖြင့် နေထိုင်လာသူတစ်ဦးသည် တောက်ပလင်းလက်သော နေကဲ့သို့ လူ၏အဝန်းအဝိုင်းမှ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ? အဆုံးမှာတော့ ကံတရားက သူ့အပေါ်ကောင်းကောင်းဆက်ဆံလာတယ်လို့ တွေးရင်း သူသည် ဤကဲ့သို့ ကောင်းကင်ဘုံမှ  ရှားပါးသော လက်ဆောင်ကို စိုးရိမ်ပူပန်ကြောက်လန့်စွာဖြင့် လက်ခံခဲ့သည်။ 


လီယွမ်မင်ကဲ့သို့ အသိတရားရှိသောသူသည် နေ့ရောညပါ နှစ်ယောက်သား အဆင်ပြေပြေဖြစ်နေရင်း တစ်စုံတစ်ခုက လွဲချော်နေသည်ကို သတိပြုမိလိုက်သည်။ တစ်ဖက်လူ​၏ နူးညံ့သိမ်မွေ့သော အကြည့်တစ်ချက်ဆိုပေမယ့် ရံဖန်ရံခါတွင် ချုပ်တည်းထားပြီး ရွံရှာနေသလို ဖြစ်နေခဲ့သည်။ သူသည် ထိုအကြောင်းကို ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့ပြီး သူကိုယ်တိုင်တောင် အမြင်မှားတာနေမှာပါဟု တွေးမိခဲ့သည်။ 

စဉ်းမာယွိ့သည် မူလက သူချစ်မြတ်နိုးသည့် မြင့်မြတ်သော အမျိုးသမီးတစ်ဦးရှိခဲ့ကြောင်း နောက်ပိုင်းတွင် သူသိလာခဲ့သည်။ သူတို့နှစ်ဦးမှာ အရည်အချင်းရှိသော ယောက်ျားကောင်းနှင့် ချောမောလှပသည့် မိန်းမပျိုဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးသည် ကောင်းကင်ဘုံက သတ်မှတ်ထားသော အတွဲကဲ့သို့ တစ်ဦးပေါ်တစ်ဦး ခံစားချက်များ ရှိကြသည်။ သူ့ဖခင် စဉ်းမာကျီက စဉ်းမာယွိ့အား သူ့ရွံရှာမှုကို သည်းခံပြီး လီယွမ်မင်ကို ငရဲထဲသို့ ဝင်ရောက်ရန် သူ့ခန္ဓာကိုယ်ကို ငါးစာအဖြစ် အသုံးချပြီး သွေးဆောင်ရန် ဘာနဲ့ ဆွဲဆောင်ထားသလဲဆိုတာ သူ မသိပါ။ 

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Donde viven las historias. Descúbrelo ahora