Part 105

1.3K 173 5
                                    


အခန်း ၁၀၅

နီလျဲ့သည် လီယွမ်မင်​၏ လည်ပင်းတစ်ဝိုက်တွင် သူ့နှာခေါင်းကို အုပ်မိုးကာ ချိုမြိန်မှုအချို့ကို မြည်းစမ်းရန် မကျေမနပ်ဖြင့် ကြိုးစားနေခဲ့သည်။ မဆိုင်းမတွဘဲ ပြောလာသည်ကို နားထောင်ပြီး ခဏအကြာတွင် သူ့မျက်နှာက တဖြည်းဖြည်း ငြိမ်သက်သွားပြီး သူ့လည်စလုပ်က လှုပ်ရှားသွားပြီး သူ ပြောလိုက်သည်-

"သူက မင်းကို နန်းတက်စေချင်တာလား"

လီယွမ်မင်သည် ပြတ်သားမှုများ ပြန်လည်ရရှိသွားပြီဖြစ်သော သူ့မျက်လုံးများကို ကြည့်ပြီး ရုတ်တရက် သူ့နှလုံးက ခုန်သွားသည်။ ဤအကြည့်ကို သူပြနေသရွေ့ လီယွမ်မင်သည် သူ့ရှေ့တွင် ဖုံးကွယ်စရာ ဘာတစ်ခုမှ မရှိဟု ခံစားလိုက်ရပြီး သူ့ထံမှ ဘာကိုမှ ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ပေ။

ဒါသည် သူသိသော ကျားနီဘုရင်ဖြစ်သည်၊ ယခု သူ့အတွက် ခပ်ဝါးဝါး ရုပ်သွင် ဖြစ်သွားသော အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးမဟုတ်ပါ။

ကောက်ကျစ်ပြီး သစ္စာမရှိသော၊ ရက်စက်ကြမ်းကြုတ်သော။

ဤသည်မှာ စဉ်းမာယွိ့​၏ သူ့အပေါ် အကဲဖြတ်ချက်ဖြစ်သည်။

စဉ်းမာယွိ့သည် မိုက်မဲသောလူမဟုတ်ပါ၊ ဒီကိစ္စသည် မစဉ်းစားတတ်လောက်အောင် မဖြစ်ပါက သူသည် ကျားနီဘုရင် မဟုတ်ကြောင်းကို သူက ဘယ်လိုလုပ် အလွယ်တကူ စိတ်ချနိုင်မှာလဲ။

လီယွမ်မင်ဆိုလျှင်တောင် ရံဖန်ရံခါ ဘဝင်ကျသွားသည်။

လီယွမ်မင်သည် သူ့ကို အချိန်အတော်ကြာ တိတ်တဆိတ် ကြည့်ပြီး ပြောရန် နှုတ်ခမ်းဖွင့်လိုက်သည်-

"ဟုတ်တယ်"

နီလျဲ့က ပြောလိုက်သည်- "မင်းဘာလုပ်မှာလဲ"

လီယွမ်မင်သည် စောင်ပနားကို တိတ်တဆိတ် ဖမ်းဆုပ်လိုက်သော်လည်း အစ်အောက်စွာနှင့် ပြောလိုက်သည် "ငါ မင်းရဲ့မောင်းမဆောင်မှာ ဘယ်တော့မှ နေမှာ မဟုတ်ဘူး"

နီလျဲ့၏မျက်လုံးများသည် ပို၍နက်ရှိုင်းလာပြီး အချိန်အတော်ကြာပြီးနောက် သူက ပြောလိုက်သည်- "မင်းငါ့ကိုဒုက္ခပေးတဲ့အခါ ငါ မင်းကို သည်းခံနိုင်ပေမယ့် မင်းရဲ့ ကြောင်သူတော်တစ်ဝက်ကိုတောင် ငါ လုံးဝ သည်းမခံနိုင်ဘူးလို့ ငါတစ်ခါပြောဖူးပါတယ်၊ ငါ အဲ့ဒါကို ဒီနေ့ထိ လိုက်နာနေတုန်းပဲ"

အရင်ဘဝက ပုန်ကန်ခဲ့တဲ့ စစ်သူကြီးရဲ့ ကိုယ်ဝန်ရသွားပြီ။Where stories live. Discover now