"ကဲ....အန်တီကြီးတို့အမကြီးတို့အကိုကြီးတို့ ကြက်သားယူကြအုန်းမလားဗျို့......"
ရပ်ကွက်ငယ်လေးတစ်ခုရဲ့စျေးရုံထဲမှာ မိန်းမငယ်လေးတစ်ယောက် တီရှပ်အဖြူရောင်အပွနဲ့ရှမ်းဘောင်းဘီကို ဝတ်ပီး ဓားမကိုကိုင်ကာ ကြက်သားတွေကို တစ်ဒုတ်ဒုတ်ခုတ်ရင် အော်ကာဟစ်ကာ ရောင်းနေသည်
ထိုမိန်းကလေးက ကြက်သားရောင်းနေပေမဲ့ သူမပုံစံက ဖြူဖြူသန့်သန့်လေး အရပ်5ပေ 8လောက်ရှိပီး ပိန်ပိန်ပါးပါးခန္ဓာကိုယ်နဲ့ ဆံပင်ဂုတ်ထောက်လေးတွေကို နားကြားညှပ်ပီး ကြက်သားရောင်းနေသည့် ကြက်သားသည်မလေးနာမည်က သော်သော်ပါ
"အမစုရေ ကြက်သားအားပေးပါအုန်း အခုထိစျေးဉီးမပေါက်သေးဘူး "
သော်ဒီနေ့တစ်မနက်လုံးမရောင်းရသေးတာကြောင့် သူမစီကဝယ်နေကျဖြစ်တဲ့အမစု ဆိုတဲ့ အမ ဆိုင်ရှေ့က ဖြတ်တော့ နှဖူးက ကျနေတဲ့ချွေးများသုပ်ရင်း အားပေးဖို့ပြောလိုက်သည်
"အေး ညမလေးသော် အမကို3000ဖိုးလောက်ထည့်ပေး ပိုထည့်ပေးနော်"
အမစုလဲသော့်အားပြုံးကာပြောလိုက်သည် ဒီကောင်မလေးက အသက်သာငယ်တာ ကြုံရာအလုပ်လုပ်သည် ကိုယ့်အားကိုယ်ကိုးတတ် ဖော်လဲဖော်ရွှေတော့ အမစုညမလေးတစ်ယောက်လိုခင်တွယ်မိသည်
"စိတ်ချပါ အမစုရဲ့ သော့်စီကဝယ်ရင်ဘယ်တုန်းကပိုမထည့်ဖူးတာရှိလို့လဲ ဒီမှာအတောင်ပံနှစ်ခုပိုထည့်ပေးလိုက်တယ်"
သော်လဲ စပ်ဖြဲဖြဲမျက်နှာဖြင့်အမအားပြန်ပြောလိုက်သည်"ဟုတ်ပါပီ သော်သော်အန်တီမြကိုဂရုစိုက်အုန်းနော် စျေးပဲကုန်းရောင်းမနေနဲ့ အမလဲနောက်နေ့အားရင်အကျီလေးတွေလာအပ်အုန်းမယ်လို့ပြောလိုက်အုန်း"
"ဟုတ်ကဲ့ ပါအမရဲ့ သော်သော်ပြောလိုက်ပါမယ်"
အမစုထွက်သွားတော့ သော်သော်ပုံမှန်တိုင်းစျေးပြန်ရောင်းသည် ဒါသော်သော်အလုပ်ပဲလေ ထမင်းစားချိန်ရောက်တော့ အဖုံးပါတဲ့ပိုက်ဆံခြင်းလေးကိုဆွဲကာ ရောင်းလို့ကုန်သွားတဲ့ကြက်သားဗန်းကိုချိုင်းကြားညှပ်ပီး
YOU ARE READING
အဆိပ်ပန်း
Historical Fiction"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "