အဆိပ်ပန်း part 4

733 11 1
                                    

သော်သော် ဗိုက်ကိုအထိုးခံထားရတဲ့အရှိန်ကြောင့်
မလှုပ်နိုင်ဖြစ်နေသည် ထိုလူကြီးက သူ့ခါးပတ်ကိုဖြုတ်နေပီး သော်သော်တစ်ကိုယ်လုံးအားဝါးစားမတတ်ကြည့်နေသည် ထိုအချိန်သော်သော်စိတ်ထဲတွေးမိသည်က

"ငါတကယ်ပဲ ဘဝပျက်တော့မှာလား ဟင့်အင်းမဖြစ်ရဘူး ငါချစ်တဲ့အမျိုးသားတစ်ယောက်ထဲကလွဲလို့ ငါ့ခန္ဓာကိုယ်ကိုမပေးနိုင်ဘူး ဟုတ်တယ် ငါတစ်ခုခုလုပ်ရမယ်"

သော်သော် အနီးအနားသို့လျှောက်ကြည့်​​ေတာ့ဆိုဖာဘေးက ခုံပေါ်က ပန်းအိုးကိုတွေသည် သော်သော်လဲဘာမှတွေးမနေတော့ပဲ ထိုပန်းအိုးကိုဆွဲယူကာ ထိုလူရဲ့ခေါင်းကိုရိုက်ချလိုက်သည်

"ခွမ်းးးးအာ့"

ရိုက်ချလိုက်တာနဲ့တစ်ပြိုင်နက် ထိုလူခေါင်းမှသွေးများစီးကျလာပီး လဲကျသွားသည် သော်သော်လဲ ရှိတဲ့အားလေးနဲ့ကုန်းထကာ ထိုတိုက်ခန်းထဲမှ ထွက်ပြေးတော့သည်

သော်သော်ဘဝမှာ ဒီလိုတစ်ခါမှမကြုံဖူးတော့သော်အရမ်းကြောက်သည် သော်ကဘာအလုပ်မှလဲမလုပ်ဖူးဘူး သော်အရမ်းချစ်တဲ့ ရဲသွေးအတွက်သာ ဘာမှမစဉ်းစားပဲလုပ်ခဲ့တာပါ

သော်သော်ဒီအဖြစ်အပျက်ကြုံပီးတော့ deliveryပို့တဲ့အလုပ်အားဆက်မလုပ်ရဲတော့တာကြောင့် တစ်ခါထဲ ထွက်လာခဲ့သည်
ပီးတော့လဲ ရဲသွေးကျောင်းစရိတ်အတွက်က ဒီအလုပ်ကရတဲ့ငွေနဲ့ဆို မလုံလောက့နိုင်ဘူးလေ ရဲသွေးကျောင်းတက်ဖို့က2လပဲ လိုတော့တာမလား

::::::::::::::::::::::::

"အေး ညည်းအလုပ်က ရတာလေးနဲ့ဆို ကျောင်းစရိတ်ကမလုံလောက်ဘူးလေ အလုပ်ပြောင်းရမှာပေါ့"

သော်သော်အလုပ်မှာဖြစ်တာတွေကိုမေမေ့ကိုပြောလို့မဖြစ်တာကြောင့် ရဲသွေးလက်ဖေ့ရည်ဆိုင်သွားတဲ့အချိန် အန်တီတင့်တင့်ရီကိုလာပြောခြင်းဖြစ်သည် ဒေါ်တင့်တင့်ရီ ကသော်သော် မဒိန်းကျင့်ခံရမလိုဖြစ်တာ မျက်နှာကဒဏ်ရာကို​တောင်
တစ်ခွန်းတောင်မမေးပဲ လခနည်းတဲ့အကြောင်းသာပြောနေသည်

"အလုပ်တွေကရှားတယ်အန်တီရဲ့ သမီးက 10တန်းအောင်ရုံလေးဆိုတော့ပိုရှားတယ် ပီးတော့ သမီးကမှတ်ပုံတင်လဲမရှိဘူးလေ"

အဆိပ်ပန်းWhere stories live. Discover now