အဆိပ်ပန်း part 5

738 14 0
                                    


အချိန်တွေကုန်လာတာနဲ့အမျှ ရဲသွေးလဲ တက္ကသိုလိနောက်ဆုံးနှစ် စာမေးပွဲတောင်ဖြေပီးပီ ဖြစ်သည်
သော်သော်ကတော့ ဒီကြက်သားရောင်းတဲ့အလုပ်ကအဆင်ပြေတာမို့ ကြက်သားပဲ ဆက်ရောင်းနေပီး မေမေကိုလဲရှာကျွေး ရဲသွေးတို့အိမ်အတွက်ပါတစ်ခါတစ်လေစျေးဖိုးတွေဘာတွေပေးပါသေးသည် သော်သော်ဆိုတဲ့ချာတိတ်မလေးဟာ အခုဆို ကြက်သားသည်လုံးလုံးဖြစ်နေတော့သည်

"ကဲ..အမတို့​ရေ ကြက်သား ယူကြအုန်းမလားဗျို့.....စောစောသိမ်းမှာပို့ ပေါပေါလောလောရမယ်နော်"

သော်သော် ဒီနေ့ ရဲသွေးနဲ့တူတူ အရင်10တန်းကသူငယ်ချင်းတွေနဲ့ ktvသွားဖို့အစီအစဉ်ရှိသည်
တက္ကသိုလ်နောက်ဆုံးနှစ်ပီးလို့ နှုတ်ဆက်ပွဲအနေနဲ့
သူငယ်ချင်းတွေဆုံးကြတာ သော်သော်ကိုပါလာခေါ်ကြသည် သော်သော်လဲ အပြင်မသွားတာ ကြက်သားစရောင်းထဲကလေ အက်တာကြောင့် အရမ်းတက်ကြွနေတာပါ ရဲသွေးနဲ့တူတူသွားရမှာ ကြောင့်လဲ ပါတာပေါ့

"ကြက်သားဗျို့...ရင်မုံရမယ် ပေါင်လဲရတယ်နော် အသားတွေများအပြည့်ပဲ"

သော်သော် ကြက်သားတွေကိုပိုပိုလျှံလျှံတွေထည့်ရောင်းပေးတော့အမြန်ရောင်းကုန်သွားသည်
ရဲသွေးနဲ့တူတူသွားရမှာတော့ အလှပြင်ရမယ်လေ အက်တာကြောင့် အိမ်မှာအလှပြင်ဖို့အချိန်လိုတော့ စျေးမြန်မြန်သိမ်းရတာပေါ့ ကြက်သားတွေကုန်တာနဲ့ ဗန်းကိုချိုင်းကြားညှပ်ပီး အိမ်သို့ ခပ်သုပ်သုပ်ပြန်လာခဲ့သည်

"အမေရေ သမီးပြန်ရောက်ပီ"

"အေးအေးသမီးလေး"

ဒေါ်မြသက်ထား နောက်ဖေးမှာထမင်းအိုးတည်ရင်း သော်သော်အော်သံကြောင့် အသံပေးကာပြန်ဖြေလိုက်သည်

"ရော့ အမေ..ဒီနေ့တော့5000လောက်ပဲယူပါလားဟင် ဒီနေ့ကျောင်းတုန်းကသူငယ်ချင်းတွေနဲ့ အပြင်သွားစရာလေးရှိလို့"

သော်သော်ဒီနေ့ရဲသွေးတို့နဲ့သွားရမာဆိုတော့ ပိုက်ဆံလေးများများစားစားတော့ထည့်သွားချင်သည် ရဲသွေးမှာလဲ ရှိမှာမဟုတ်ဘူးလေ ရဲသွေးအတွက်ပါထည့်သွားချင်တာလဲပါသည်

အဆိပ်ပန်းWhere stories live. Discover now