အဆိပ်ပန်း part 30
"ဟေ့လူ....ဟေ့...ဟေ့"
"အွန်း.."
ရဲသွေး အိပ်နေရင်း သူ့နားက တစ်ယောက်ယောက်ရဲ့ခေါ်သံကဝင်လာပေမဲ့ အရမ်းအိပ်ချင်နေသေးတာမို့
မျက်စိမဖွင့်နိုင်သေးပဲ အကြောအရင်ဆန့်လိုက်သည်
သူ့နှာခေါင်းထဲမှာလဲ အနံ့ဆိုးဆိုးတစ်ခုကထိုးဝင်လာပီး အိပ်ရတာ သက်တောင့်သက်သာမရှိသောကြောင့်မျက်လုံးကိုအားစိုက်ကာဖွင့်လိုက်သည်..."ဟင်..."
သူနိုးလာတော့ သူ့ဘေးပတ်ချာလည်မှာ အမှိုက်တွေပြည့်နေပီး ညှီနံ့တစ်ထောင်းထောင်းဖြစ်နေသည် လူနှစ်ယောက်သုံယောက်လောက်ကလဲ ဝိုင်းကြည့်နေတာကြောင့် သူကြောင်တောင်တောင်ပင်ထထိုင်လိုက်သည်
"ကျွန်တော်ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ..."
" ငါတို့ကအလုပ်သွားရင်းအမြင်မတော်လို့လာနှိုးတာ
ဒီနားပတ်ဝန်းကျင်ပြောတာကတော့ ကားတစ်စီးကမိုးမလင်းခင်က လာပစ်ချသွားတယ်ပြောတယ်..""ဘယ်လို..."
ရဲသွေး ထိုလူတွေရဲ့စကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားရသည် သူညကမိုးနဲ့တူတူအိပ်နေတာပါ အခုဘယ်လိုလုပ် အမှိုက်ပုံရောက်နေတာလဲ...ကားနဲ့လာပစ်သွားတာတဲ့...မိုးကလား..
သူအတွေးပေါင်းစုံနဲ့ ငူငိုင်နေတုန်း အနားကလူတွေကလဲ ထွက်သွားကြသည်..သူလဲ.ကွက်ကြည့်ကွက်ကြည့်
ကြည့်နေတဲ့လူတွေကြောင့် အဲနေရာကနေ အမြန်ထွက်လာခဲ့လိုက်ပီး နေရာကလဲ သူ့အိမ်ရဲ့အနီးအနားမှာမို့ ခြေဗလာနဲ့ပင် လမ်းလျှောက်ကာ အမြန်ပြန်လာခဲ့လိုက်သည်သူခြံရှေ့ရောက်တော့ ခြံစောင့်လဲ ရှိမနေပဲ ခြံတံခါးကြီးပွင့်ကာ အိမ်တံခါးတွေလဲအကုန်ပွင့်နေသည်
သူလဲ စိတ်ပူလာတာကြောင့် အိမ်ထဲသို့အမြန်ဝင်ခဲ့လိုက်သည်.."ပြန်လာပီလား...."
ရဲသွေးအိမ်ထဲရောက်တော့ အပေါ်သို့တက်လာခဲ့ပီး
အခန်းပေါက်ဝကလွန်းရဲ့အသံမာမာနဲ့ မျက်နှာတည်တည်လေးကို မြင်တာကြောင့် သူမလေးစိတ်ဆိုးနေပီအထင်နဲ့ အနားသို့ပြုံးပီးလျှောက်သွားလိုက်သည်
YOU ARE READING
အဆိပ်ပန်း
Ficção Histórica"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "