"မေမေ...!!!"
သော်သော်...ရဲသွေးတို့အိမ်သို့ အပြေးလာပီးးခြံရှေ့ရောက်တော့ မေမေကရင်ဘက်ကိုဖိကာ လဲကျသွားသည် ကိုတွေ့လိုက်ရသဖြင့် အမေ့စီသို့
ရှိသမျှအားအကုန်ဖြင့်ပြေးလာခဲ့သည်"မေမေ..မေမေ...ဘာဖြစ်တာလဲ ထပါအုန်း "
သော်သော်မေ့မေ့နားရောက်တော့လဲကျနေသည့်မေမေ့အား ပွေ့ပီး လှုပ်နှိုးနေမိသည် မေမေကတော့ ဖြူဖျော့ပီးအသက်ပင်မရှုတော့ပါ
"နင်တို..ငါ့အမေကိုဘာတွေပြောလိုက်ကြတာလဲ..
မေမေ့ ကိုခေါ်လို့မရတော့တာကြောင့်
တော့တာကြောင့် မျက်ထောင့်နီကြီးဖြင့် ရဲသွေးတို့သားအမိကို ကြည့်ကာမေးလိုက်သည်"မှန်တာကိုပြောလိုက်တာလေ.."
ဒေါ်တင့်တင့်ရီ လဲ ပြောသာပြောလိုက်ရတာ
သော်သော့်ရဲ့အကြည့်ကြောင့် ကြောပင်ချမ်းသွားရပါသည် ဘာလို့ဆို သူတို့ ဒီခလေးမအပေါ်ကျူးလွန်ခဲ့တဲ့အပစ်တွေကနည်းမှမနည်းပဲလေ.."ငါ့အမေမှာ..နှလုံးရောဂါရှိတာမသိဘူးလားဟမ်...."
သော်သော်လဲ သူမအမေရဲ့ခန္ဓာကိုယ် ကိုခနလွှတ်ကာ ဒေါ်တင့်တင့်ရီ အနားသွားပီး စောင့်တွန်းဖို့ လက်ရွယ်လိုက်သည် ဒါပေမဲ့..
"အာ့....."
ရဲသွေး ဒေါသတကြီးနဲ့ သူ့အမေအား တစ်ခုခုလုပ်တော့မှာကြောင့် အရှေ့ကနေဝင်ကာပီး သော်သော့်အား ပြန်တွန်းထုတ်လိုက်တာ အားပါသွားသဖြင့် သော်သော်မြေပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်
ထို့နောက် ရပ်ကွက်ထဲကလူတွေရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပီး ရဲသွေးတို့အိမ်ရှေ့၌လူတွေစုလာကြသည်
သော်သော်လဲ သူမလဲနေရာကနေထပီး အခုထိမလှုပ်တဲ့မေမေ့အနားသို့ပြန်ပြေးသွားလိုက်သည်
"တူမလေးးဖယ်ဖယ်..ဉီးလေးကြည့်ပေးမယ်.."
ရပ်ကွက်ထဲက မေမေနဲ့ရွယ်တူလောက်ရှိသည့် ဉီလေးက မေ့မေ့ကို အသက်ရှုတာတွေ သွေးခုန်နှုန်းတွေစမ်းပေးသည်
"စိတ်မကောင်းပါဘူးကွယ်...သမီးအမေအသက်မရှိတော့ဘူး.."
"ရှင်...!!!!"
YOU ARE READING
အဆိပ်ပန်း
Historische Romane"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "