အဆိပ်ပန်း part 29
"နင်လုပ်ခဲ့တဲ့လုပ်ရက်တွေကို တစ်နိုင်ငံလုံးသိအောင် live လွှင့်ပြရမှာ...အဲ့ကောင်ကနင့်ကိုဘယ်လိုတွေမက်လုံးပေးတာတွေ ငါသူ့ကိုဘယ်လိုတွေ ထောက်ပံ့ပေးတာတွေ ငါ့အပေါ်ဘယ်လိုတွေလုပ်သွားတာတွေအကုန် နင်ကိုယ်တိုင် liveလွှင့်ပီးပြောရမယ် ပီးရင်နင်အဖမ်းခံလိုက်..ဆရာဝန်လက်မှတ်အသိမ်းခံပီး တစ်သက်လုံးဆေးမကုနဲ့တော့"
"အင်း...ငါလက်ခံတယ် "
မိုးသူမ စကားဆုံးတော့ ချက်ချင်းခက်ခံတဲ့ ဝေယံကြောင့်နည်းနည်းတော့အံ့သြသွားရသည်..ဒါပေမဲ့လဲသူမအစီအစဉ်တွေအောင်မြင်ဖို့က အဓိကပဲလေ
ဒါမှ တမလွန်ကမေမေ့ ဝိညာဉ်အတွက်တရားမျှတမှာ.."ဟုတ်ပီ လေ...နင်စရတော့မဲ့အချိန်ကျ ငါဖုန်းဆက်မယ်.."
မိုးလဲ..ပြောပီးတာနဲ့ ချက်ချင်းမက်တပ်ထရပ်က ပြန်ခဲ့လိုက်တော့သည်...
ဝေယံ...ထွက်သွားတဲ့ သော်သော့်ရဲ့(ခေါ်) မိုးကြိုးမေဆိုတဲ့ သူမရဲ့ကြောပြင်ကိုကြည့်ကာကျန်ခဲ့တော့သည်
"ငါလဲ..နင့်ကိုလုပ်ခဲ့တာတွေကြောင့် ငါ့လိပ်ပြာက ငါ့ကိုအမြဲခြောက်နေတာပါ..ဆရာဝန်ဆိုတဲ့ အလုပ်ကိုလဲ ငါလုပ်ဖို့လိပ်ပြာမသန့်တော့တာကြာပါပီ နင့်အပေါ်တင်နေတဲ့အကြွေးတွေကို ငါကောင်းကောင်းဆပ်မှာပါ
နင်ပြန်ပီးလက်တုန့်ပြန်သင့်ပါတယ်သော်သော်.."..............
"ကျော်ထက်ဇော် အဲ့ကောင်ကို သူ့အိမ်နားကအမှိုက်ပုံမှာသွားပစ်လိုက်.."
"ဗျာ..."
"စိတ်ပူမနေနဲ့...ငါသူ့ကိုအိပ်ဆေးထိုးထားတယ် မနက်၁၀ နာရီလောက်မှနိုးလိမ့်မယ် "
"အော်...ဟုတ်ဟုတ်.."
"ပီးတော့..အခုလွှင့်မယ့်liveကို vewများအောင် bostပေး.."
"ဟုတ်မမလေး.."
ကျော်ထက်ဇော်နဲ့ပါလာတဲ့ကောင်လေးနှစ်ယောက် ရဲသွေးကိုဝိုင်းမပီး သူမကွန်ဒိုကနေ ခေါ်ထုတ်သွားခဲ့သည်
"ငါက နင်ခြွေခဲ့တဲ့ပန်းတစ်ပွင့်ပဲ...ဒါပေမဲ့နင်ခြွေခဲ့တဲ့ပန်းကအဆိပ်ပန်းဖြစ်နေတယ်......"
YOU ARE READING
အဆိပ်ပန်း
Ficção Histórica"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "