ဒီနေ့သော့်အသင်းဆိုတော့ စက်ဘီးခြင်းထဲကို ဘုရားပန်းလေးထည့်ပီးကျောင်းသို့နင်းလာသည်
ကျောင်းရောက်တော့ ဘုရားပန်းလဲ သန့်ရှင်းရေးလုပ်ပီး သော်ကိုယ့်နေကိုယ်ထိုင်ကာ စာလုပ်နေလိုက်သည်"အားလုံးမတ်တပ်ရပ် ဆရာမကိုနှုတ်ဆက် "
ဆရာမရောက်လာပီး အကုန်နှုတ်ဆက်လိုက်ကြသည်
"ကလေးတို့အားလုံးကို ကျောင်းသားအသစ်နဲ့မိတ်ဆက် ပေးစရာရှိတယ် "
"သားလေးသူငယ်ချင်းတွေကိုနှုတ်ဆက်လိုက်ပါအုန်း"
"အားလုံးပဲ မဂ်လာ ပါ ကျွန်တော့နာမည် က ရဲသွေးမာန်ပါ"
ရဲသွေးမာန်ဆိုတော့ သော်သော်အိမ်စာမပီးသေးတာကိုခေါင်းငုံ့လုပ်နေရင်းက မော့ကြည့်လိုက်သည်
"သားလေး ဟိုအတန်းမှာသွားထိုင်နော်"
ရဲသွေးလဲ ဆရာမညွှန်ပြတဲ့ နေရာမှာသွားထိုင်လိုက်သည် သူထိုင်တဲ့အတန်းက ဟိုနေ့ကကောင်မလေး ရဲ့အနောက်တန်းမှာဖြစ်သည်"ကဲ့...ကလေးတို့စာသင်မယ် မြန်မာစာအုပ်ထုတ်ကြ အိမ်စာစစ်မယ်"
သော်သော်တော့သွားပါပီ အိမ်စာရေးဖို့မေ့လာတာ သူငယ်ချင်းအသစ်ရှေ့မှာ အဆူခံရတော့မည်
"ကလင်...ကလင်...ကလင်...."
ဆရာမတွေ၃ချိန်လောက်ဆက်တိုက်ဝင်သင်ပီး မုန့်စားဆင်းချိန်သို့ရောက်လာသည်
"ဟဲ့..ငါ့ကို မှတ်မိလား"
သော်သော် ရဲသွေးကိုစကားပြောချင်တာ မနက်ထဲကပင် အခုမုန့်စားဆင်းတော့ ချက်ချင်း ပင် ခေါင်းလှည့်ကာပြောလိုက်သည်
"မှတ်မိတာပေါ့ဟ ဗွက်ပေလေ"
ရဲသွေးလဲ ခေါင်းလောင်းတီးလာတာနဲ့ခေါင်းလှည့်လာသော သော်သော့် ကိုစပ်ဖြဲဖြဲ ဖြင့်ပြောလိုက်သည်"နင်နော် ဟိုနေ့ကပဲ ငါ့ဘက်ကနေရန်တွေ့ပေးပီးတော့ အခုလာလှောင်နေတယ် ငါကခွေးကိုကြောက်လို့ ဗွက်ထဲပြုတ်ကျတာပါနော်"
သော်သော် သူ့အားလှောင်သလိုလိုပြောလာတာကြောင့် သူမမေးတာတွေပြောပစ်လိုက်သည်
"ငါကစတာပါ နင့်နာမည်ကသော်သော်လား ခုနကဆရာမဆူတော့ခေါ်တာကြားလိုက်တယ်"
YOU ARE READING
အဆိပ်ပန်း
Fiksi Sejarah"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "