အဆိပ်ပန်း part...32
မိုး ရဲသွေးကိုထားခဲ့လိုက်ပီး သူမကားကိုကိုယ်တိုင်မောင်းကာ ဒေါ်တင့်တင့်ရီ ကိုဖမ်းထားတဲ့ရဲစခန်းသို့ထွက်လာလိုက်သည်..
"ဒေါ်တင့်တင့်ရီ နဲ့တွေ့ခြင်လို့ပါ.."
"ဘယ်သူလဲ...တရားခံနဲ့ဘာတော်လဲ..."
မိုးအား စခန်းမှူးဖြစ်ဟန်တူသည့် ရဲယူရီဖောင်းဝတ်ထားတဲ့ ရဲတစ်ယောက်က လေသံမာမာဖြင့် ပြန်မေးသည်
"ဒေါ်တင့်တင့်ရီ ကိုတရားစြဲထားတဲ့ မိုးကြိုးမေပါ.."
"အော်..မမိုးကြိုးမေလား ဒီတည့်တည့်ဝင်သွားပါအရှေ့ရောက်ရင် ရဲတစ်ယောက်တွေ့လိမ့်မယ် သူ့ကိုနေရာမေးလိုက်ပါ.."
"ဟုတ်ကဲ့ "
မိုးလဲ ထိုစခန်းမှုးပြောတဲ့အတိုင်းလျှောက်လာခဲ့လိုက်ပီး တွေ့တဲ့ရဲကိုမေးကာ ဒေါ်တင့်တင့်ရီ စီသို့တန်းတန်းကြီးလာခဲ့လိုက်သည်...
"တင့်တင့်ရီ ဧည့်တွေ့..."
ဒေါ်တင့်တင့်ရီ အချုပ်ခန်းရဲ့ထောင်လေးမှာ ကုပ်ကုပ်လေးထိုင်နေတုန်း ဧည့်တွေ့ဆိုတဲ့အသံကြောင့် သံတိုင်နားဖြင့်ချက်ချင်းပင် ပြေးလာခဲ့လိုက်သည်...
"သမီး...မိုး..အန်တီ့ကိုကယ်ပါအုန်းကွယ်..သား
..သားးးကအန်တီကိုအခုဖိလာမထုတ်သေးဘူး အန်တီအိမ်ပြန်ချင်တယ်..."ဒေါ်တင့်တင့်ရီ မိုးကိုတွေ့တော့အားတက်သရောဖြင့် အသနားခံကာပြောလိုက်သည် မိုးအခုလာတာကလဲ သူမကိုထုတ်ဖို့ပဲဆိုတာအသေချာပဲလို့သူမတွေးကာ
လွတ်တော့မည်ဆိုတဲ့အတွေးဖြင့် မျက်လုံးတွေကအရောင်လဲ့နေသည်"အန္တီ ကအိမ်ပြန်ခြင်တာလား..."
မိုးသူ့ရှေ့က ပျော်နေတဲ့ဒေါ်တင့်တင့်ရီကိုကြည့်ကာ ခပ်ရွဲ့ရွဲ့လေးပြောလိုက်သည်..
"ဟုတ္တယိ လေသမီးရဲ့ သားလေးကမျှော်တေမှာ
အန္တီ့ကို သူ့မိန်းမကပိုက်ဆံမပေးလို့လာမထုတ်ပေးတာပဲနေမှာ...""sorry အန္တီ ကျွန်မလာတာ အန္တီ့ကိုလာထုတ္တာမဟုတ်ဘူး.."
"ဘာ..."
YOU ARE READING
အဆိပ်ပန်း
Historical Fiction"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "