အဆိပ်ပန်း part 24
ဝေယံ...အခန်းထဲမှာ သားဖြစ်သူနဲ့ဆော့နေတုန်း အိမ်ရှေ့မှာဧည့်သည်ရောက်နေတယ်ဆိုပီး မိန်းမကလာပြောလို့ မိန်းမကိုခလေးနဲ့ ခဏထားခဲ့ပီး ထွက်လာခဲ့လိုက်သည်....
"ဘယ်သူတွေလဲမသိဘူးဗျ "
ဝေယံ ဧည့်ခန်းထဲဝင်လာတော့ ဧည့်ခန်းထဲကမိန်းကလေးကိုရော သူမဘေးကလူကိုရောမသိတာမို့
မေးလိုက်သည်"အရင်ထိုင်ပါအုန်း....."
မိုး ဧည့်ခန်းထဲဝင်လာတဲ့ ဝေယံ့ကိုသေချာစိုက်ကြည့်လိုက်ပီး ပြောလိုက်သည်..
"ဟွန့်......အရင်ကနဲ့တောင်မတူတော့ပဲ တော်တော်သားနားလာတာပဲ..."
"ဗျာ...."
ဝေယံသူနဲ့...မသိတဲမိန်းကလေးက ထူးထူးဆန်းဆန်းပြောလာတာကြောင့် နားမလည်စွာ ပြန်ကြည့်မိသည်..
"ငါ့ကို....မသိဘူးလား.... "
"ဒီက...မိန်းကလေးကိုကျွန်တော်မသိပါဘူး..."
"နင်တစ်ချိန်က.....သတ်ခဲ့တဲ့ခလေးရဲ့အ..မေ..လေ....."
မိုး သူမရဲ့အေးစက်စက်မျက်လုံးတွေကနေ အမုန်းမီးတွေတောက်လောင်နေတဲ့ မျက်လုံးစူးစူးဖြင့် ဝေယံ့မျက်လုံးတွေကိုသေချာစိုက်ကြည့်ကာ.....ပြောလိုက်သည်
"ဟင်...ဟင်...နင်.သော်......သော်သော်...."
..................
"တီ...တီ..."
"ဟယ်...ကိုပြန်လာပီ...."
လွန်းအိမ်ရှေ့က ကားအသံကြားတာကြောင့် မီးဖိုထဲ ဟင်းချက်နေရင်း ပြေးထွက်လာခဲ့သည်
"အမလေး.....ကို့ မိန်းမလေးကိုလွမ်းနေတာ...."
ရဲသွေး ဒီနေ့မနက်ထဲကငွေဆောင်ကနေအရင်တစ်ယောက်ထဲ ပြန်လာခဲ့တာ အခုညနေမှ အိမ်သို့ပြန်ရောက်ခဲ့သည် ပြန်ရောက်ရောက်ခြင်း....အမောပြေလေးနဲ့အတူ သနပ်ခါးရနံ့လေးကိုပါ ရလိုက်ရတာမို့ စိတ်ကိုလန်းဆန်းသွားရသည်
"ကို..ပြောတော့..တစ်ပတ်ကြာမှာဆို...ဘာလို့အစောကြီးပြန်လာတာလဲ...."
"ကို့..မိန်းမလေးကိုလွမ်းလို့ အစောကြီးပြန်လာတာ...."
ရဲသွေး မုသားသုံးလိုက်ရပါသည်....ရန်ကုန် ပြန်လာတာ လွန်းကိုလွမ်းတာကြောင့်လဲ ပါပေမဲ့ အသစ်ဆက်ဆက် ချစ်သူအသစ်လေးကို လွမ်းတဲ့စိတ်ကပိုများသည်..သူချစ်တာလွန်းတစ်ယောက်ထဲပေမဲ့..
မိုးကလဲ ရုန်းမထွက်နိုင်အောင်ပြုစားထားသည်
YOU ARE READING
အဆိပ်ပန်း
Ficção Histórica"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "