မနက်ခင်းနေရောင် ခြည်က မှန်ပြတင်းပေါက်ကနေတစ်ဆင့် အိပ်ပျော်နေတဲ့ ရဲသွေးနဲ့သော်သော်မျက်နှာပေါ်သို့ကျရောက်လာပီး သော်သော်အရင်နိုးလာခဲ့သည်
သော်နိုးလာတော့ ရဲသွေးကသူ့မခါးလေးအားဖက်က အိပ်ပျော်နေသည် သော်သော် ရဲသွေးရင်ခွင်ထဲကနေ သူ့မျက်နှာလေးအားမော့ကြည့်မိသည်
"ငါမောင့်က်ုသိပ်ချစ်တာပဲ ချစ်လွန်းလိုမောင့်အတွက်အများကြီး ပေးဆပ်ခဲ့တာ အခုလဲမောင့်ကိုချစ်လို့ ငါ့ရဲ့အပျိုစင်ဘဝလေးကိုပေးခဲ့တယ်
မောင်လဲငါ့ကိုချစ်တယ်မလားဟင် မောင်နဲ့အတူမိသားစုဘဝလေးတစ်ခုပိုင်ဆိုင်ချင်တယ် ပိုင်ဆိုင်ရဖို့ ဘယ်လောက်ပဲထပ်ပင်ပန်းပါစေ ဘယ်လောက်ပဲ ထပ်ပေးဆပ်ရပါစေ ပေးဆပ်ဖို့အသင့်ပါပဲ...မောင်"သော်သော်ထိုစကားများကို ရဲသွေးမျက်နှာလေးကို ကိုင်ပီး သူမစိတ်ထဲတွင်သာ ပြောနေ ခြင်းပါ
"အွန်းး..အင့်.…"
သော်သော် သူ့မျက်နှာအစိတ်အပိုင်းလေးတွေကိုသေချာကြည့်နေတုန်း သူလှုပ်လှုပ်ရှားရှားဖြစ်လာတာကြောင့် လက်ကို ပြန်သိမ်းလိုက်သည်
ရဲသွေးညက အိပ်မပြန်ဖြစ်ပါ တစ်ကိုယ်လုံးကိုက်ခဲနေပီး မျက်ရိုးတွေပါ ထိုးကိုက်လာသည်
မျက်နှာပေါ်ကနေရောင်ကြောင့် သူနိုးလာပီး မျက်လုံးကို ဖြေးဖြေးချင်းဖွင့်ကာ မြင်လိုက်ရတာက"ဟင် သော်သော်"
ရဲသွေးမြင်လိုက်ရတာက သူ့ရင်ခွင်ထဲတွင် အဝတ်အစားမပါပဲ စောင်ဖြူလေးသာခြုံထားသော မိန်းကလေးက သော်သော်ပါ သူ့ကိုယ်သူလဲငုံ့ကြည့်တော့သူ့အဝတ်အစားတွေလဲရှိမနေပါ
"သော်သော်...ညက ညက နင်နဲ့ငါ"
"အင်းဟုတ်တယ်လေ"
သော်သော်နိုးလာထဲကအလန့်တကြားသူမကိုသရဲမြင်သလိုလန့်နေတဲ့ ရဲသွေးကို လေသံတိုးတိုးလေးဖြင့်သာဖြေလိုက်သည်
"ဟင်"
ဟုတ်တယ်ဆိုတဲ့ စကားက ရဲသွေးရင်ထဲမီးတောက်သွားရသည် ဘာလို့ဆို သူ သော်သော့်ကိုမှမချစ်ပဲ သူချစ်တဲ့သူကရှိပီးသားလေ .....
YOU ARE READING
အဆိပ်ပန်း
Historical Fiction"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "