"လူစိတ်မရှိတဲ့နင့်လိုကောင်ရဲ့ ပျော်ရွှင်မှုအချိန်တွေက တဖြေးဖြေးနဲ့ကုန်ဆုံးတော့မှာပါ...."
"ဟားးးးးဟားးးဟားးးး"
မိုးသူမရဲ့ကားထဲ၌ ခြောက်ကပ်ကပ်ဖြင့်အကျယ်ကြီးအော်ရယ်ချလိုက်သည် သူမရယ်သံကိုတစ်ယောက်ယောက်သာကြားရင်ဖြင့် ကြက်သီးပင်ထသွားရလောက်သည် သူမမျက်လုံးထဲမှာအမုန်းတွေ နာကျည်းချက်တွေကပြည့်နေသည်...
............
"ကဲ...အားလုံးလူစုံပီလားဟေ့..."
"စုံပါပီ ဂျာကြီး..."
ခရီးစထွက်ဖို့ အကုန်လုံးကအဆင်သင့်ဖြစ်နေကြပီးတက်ကြွနေကြသည် ဝန်ထမ်းတွေအကုန်လုံးလဲ ceoစီစဉ်ပေးထားတဲ့ အဝေးပြေးကားကြီးပေါ် နေရာယူထားကြသည်
"လူစုံနေကြပီလား..."
ရဲသွေးလူအားလုံးစုံနေပီး မိုးကမလာသေးတာမို့ သူ့ကားလေးကိုမှီကာစောင့်နေရင်း အနောက်ကအသံ ကြောင့်လှည့်ကြညိ့လိုက်သည်
"စုံနေကြပီ မိုးလာတာနဲ့တန်းထွက်မလို့စောင့်နေတာ..."
"အော်ဟုတ်လား သွားကြမယ်လေ..အက်တာဆို..."
မိုး သူ့အားပြုံးပြကာအသံချိုချိုလေးဖြင့်ပြောလိုက်သည် ခုနက ကားပေါ်ကခက်ထန်နေတဲ့မျက်နှာက
ပျောက်ချင်းမလှပျောက်သွားပီး တခြားတစ်ယောက်လိုဖြစ်သွားတော့သည့"ကဲ...သွားကြမယ်.."
ရဲသွေးလဲ မန်နေဂျာကိုလက်ပြကာ ခရီးစထွက်လာခဲ့သည် သူကသူ့ကားသူမောင်းပီး မိုးက သူ့လက်ထောက်ကောင်မလေးကို မောင်းခိုင်းပီး အနောက်ကလိုက်စီးခဲ့သည်
.............
ရန်ကုန်ကနေ ညနေပိုင်းလောက်စထွက်တော့ ဟိုကို မိုးလင်းခါနီးလောက်ရောက်သွားခဲ့သည် ဝန်ထမ်းတွေအတွက် hotelအခန်းတွေကို မန်နေဂျာအားစီစဉ်ခိုင်းလိုက်ပီး သူနဲ့မိုးကတော့ vip room တသိယောက်တစ်ခန်းယူလိုက်သည်"မိုးခရီးပန်းလာတာဆိုတော့ နားလိုက်အုန်းလေ....ကို ခနနေလောက်ကျမှ မနက်စာစားဖို့လာခေါ်မယ်..."
ရဲသွေးမိုးနဲ့အတူတူ သူတို့အခန်းကိုလာရင်း အခန်းရှေ့ရောက်တော့ ခရီးပန်းလာပုံရတဲ့မိုးကိုပြောလိုက်သည် တိုက်တိုက်ဆိုင်ဆိုင် သူတို့အခန်းကလဲ မျက်နှာချင်းဆိုင်ပင်....
YOU ARE READING
အဆိပ်ပန်း
Historyczne"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "