ဒီမှာ အန်တီ ကျွန်မသိက္ခာကိုမစော်ကားနဲ့
ကျွန်မက ရဲသွေးကလွဲရင် ဘယ်ယောကျာ်းကိုမှအထိခံခဲ့တာမဟုတ်ဘူး ပီးတော့ငြိမ်ခံနေတယ်လို့ပြောရအောင် ကျွန်မငြိမ်မခံလို့ ကျွန်မကိုမဒိန်းကျင့်နေပါတယ်လို့ အော်ရမှာလား သူမူးနေတာသိလိုရုန်းနိုင်သလောက်တော့ရုန်းတာပဲ နောက်ဆုံးချစ်တော့လဲလိုက်ရောပေးခဲ့မိတာလေ ကျွန်မဘာမှားလို့လဲ"သော်သော် သူမသိက္ခာကိုထိပါးလာတာကြောင့် ဒေါ်တင့်တင့်ရီအား လက်ညှိုးထိုးကာပြောနေတုန်း
"မှားတယ်....နင်သိပ်ကိုမှားတယ်"
ရဲသွေး လွန်းကသူ့လက်ထက်ခွင့်တောင်းတာလက်ခံတာတောင် ပျော်ပီး အိမ်သို့ပြန်လာရင်း
အိမ်ရှေ့ရောက်တော့ သော်သော်ကသူ့အမေအားလက်ညိုးထိုးကာ အသံကျယ်ကျယ်ဖြင့်ပြောနေသည်ကိုကြားလိုက်ရတာကြောင့် အနောက်ကနေဝင်ပြောလိုက်ခြင်းပါ"သားး"
ဒေါ်တင့်တင့်ရီ သော်သော်ပြောတာတွေကမှန်သဖြင့် ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်နေချိန်
ရဲသွေးပြန်လာတော့အားတက်သွားသဖြင့် မျက်နှာထားကတင်းသွားသည်"နင်ကချစ်လို့ လိုက်ရောတာဆိုပေမဲ့ ငါမှနင့်ကိုမချစ်တာ နင်မသိဘူးလား"
မချစ်ဘူးတဲ့လား ရဲသွေးရယ် နင်ကပြောတော့သာလွယ်တာ ကြားရတဲ့ငါက ရင်တွေကွဲမတက်ပဲသိရဲ့လား
"မချစ်ဘူး ဟုတ်လားးးငါ့ကိုချစ်တယ်လို့ထင်စေခဲ့တဲ့အရာကိုနင်သိလား"
သော်သော် ပြောလိုက်တော့ ရဲသွေးကပြောဆိုတဲ့ ပုံစံနဲ့ မေးစက်ပြသည်
"နင့်အမေ ကိုယ်တိုင်ပဲ အရင်ကနင်ငါ့ကိုမချစ်ဘူးဆိုတာကာ ငါလက်ခံလို့ရတယ်၁၀တန်းအောင်စရင်းထွက်တဲ့နေ့က နင့်အမေကိုယ်တိုင် နင့်စိတ်ထဲငါရှိနေတယ်ဆိုတဲ့အတွေးကို ရိုက်သွင်းပေးခဲ့တာ"
ရဲသွေး သော်သော့်စကားဆုံးတော့ အမေ့ကိုကြည့်မိသည် အမေကတော့ ဘာဖြစ်လဲဆိုတဲ့အကြည့်နဲ့ ကြည့်နေသည်
"နင်အက်လောက်တောင်မွှန်နေလား ငါ့အမေပြောတိုင်းယုံရအောင် နင်အက်လောက်တောက်ပိန်းလား"
YOU ARE READING
အဆိပ်ပန်း
Ficción histórica"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "