အဆိပ်ပန်း part 28
"တစ်ချို့သော မိန်းမတွေရဲ့ဘဝကိုဖျက်စီးဖို့
လောကကြီးကလူစိတ်မရှိတဲ့ ယောကျာ်းတွေနဲ့တွေ့စုံစေတယ်
တစ်ချို့သော ယောကျာ်းတွေရဲ့ဘဝကိုဖျက်စီးဖို့ကျတော့ မိန်းမလှဆိုတဲ့ အရုပ်လေးတွေကို ဘုရားကဖန်ဆင်းပေးတယ်""ကျွန်မက အခုမိန်းမလှလေးအဖြစ်နဲ့ သူ့ကိုချုပ်နှောင်ပီးပီ....အခုဖျက်စီးဖို့ပဲကျန်တော့တယ်...."
မိုးကုတင်ဘေးခုံပေါ်က သူမရဲ့ဖုန်းကိုလှမ်းယူကာဖုန်းနာပါတ်တစ်ခုကိုနှိပ်လိုက်သည်....
"တူ...တူ...တူ...."
"ဟယ်လို....ဘယ်သူလဲ"
ဖုန်းဝင်သွားပီးခနအကြာမှာ ဖုန်းကိုတစ်ဖက်က လာကိုင်သည် ဖုန်းထဲကအသံပိုင်ရှင်က တစ်ချိန်ကသူမဘဝကိုအညွှန့်ချိုးခဲ့တဲ့ဒေါ်တင့်တင့်ရီ...
"ဟယ်လို....အန်တီ....ရဲသွေးရှိလားဟင်...."
မိုးလွန်ခဲ့တဲ့၅နှစ်ကဒေါ်တင့်တင့်ရီ နဲ့ရင်းနှီးလှတဲ့အသံပျော့ပျော့လေးဖြင့် ပြုံးကာပြောလိုက်သည်
"ဟင်...."
ဒေါ်တင့်တင့်ရီ အိပ်နေတုန်း သူမဖုန်းလာတာကြောင့် ထကိုင်လိုက်ပီး ဘယ်သူလဲမေးလိုက်တော့ သူမကြားလိုက်ရတဲ့အသံက အရမ်းရင်းနှီးနေသည်
"အန်တီ..ရဲသွေးရှိလားဟင်...."
"အန်တီ့ အတွက် သမီးဟင်းယူလာတယ်.."
"ရဲသွေးမနိုးသေးဘူးလား အန်တီ...."
ဘယ်သူလဲဟုဆိုကာသေချာပြန်စဉ်းစားကြည့်ရင်
သူမနားထဲပြန်ကြားယောင်မိလာတဲ့အသံများ..."ဟင်...နင်....နင်....သော်သော်..လား"
ဒေါ်တင့်တင့်ရီ ဖုန်းထဲကမိန်းကလေးပြောလိုက်တဲ့စကားနဲ့ အသံနေအသံထားက တစ်ချိန်ကသော်သော်နဲ့သိပ်တူလွန်းနေတာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလိုက်သည်....
"ဟားးးဟားးးးးဟားးး"
မိုးလဲ တဖက်ကကြောက်လန့်နေတဲ့ဒေါ်တင့်တင့်ရီကြောင့် ခြောက်ကပ်ကပ်ဖြင့်အော်ရယ်လိုက်သည်
"နင်..ဘယ်သူလဲလို့ငါမေးနေတယ်လေ.."
"ရှင့်သားရဲ့ဘဝကိုအမြင့်ဆုံးရောက်အောင် တွန်းပို့ပေးခဲ့တဲ့ မိန်းမလေ...အသံတောင်မမှတ်မိတော့ဘူးလား..."
YOU ARE READING
အဆိပ်ပန်း
Historical Fiction"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "