"ဟီးးးးးဟငျ့းးးဟီးးးး"
ရဲသွေးအခန်းထဲကထွက်သွားတော့မှ သော်သော်အသံထွက်အောင်ပင်ငိုချလိုက်တော့သည်
သူမရဲ့ ငယ်ရွယ်မှုတွေအ်မ်မက်တွေအချိန်တွေရင်းပီး သူ့အတွက်ဖြည့်စည်းပေးခဲ့တာတောင် သူကသူမကိုမချစ်ဘူး ချစ်လွန်းလို့ လိုက်ရောပေးခဲ့တာကို ရွံတယ်တဲ့လားမောင်ရယ်.....……….............
ရဲသွေးhotelကနေထွက်လာပီးအိမ်သို့တန်းလာခဲ့သည် အိမ်ရှေ့ရောက်တော့
"အမေ...အမေရေ"
"ဝေ..."
ဒေါ်တင့်တင့်ရီ နောက်ဖေးမှာအဝတ်လျှော်နေတုန်းသားရဲ့ခေါ်သံကြောင့်ပြေးထွက်လာခဲ့သည်
"သား ဘာလို့ညက ပြန်မလာတာလဲ အမေစိတ်ပူနေတာ သော်သော်လဲပါသွားတယ်မလား ဘယ်တွေသွားနေကြတာလဲ အမေရင်တွေပူလိုက်တာ"
"အမေကဘာလို့ရင်ပူနေတာလဲ"
"အို.. ငါ့သားဘွဲ့ရပညာတတ်လေးနဲ့ကြက်သားသည်မနဲ့တစ်ခုခုဖြစ်သွားရင်ဖြင့်အမေရင်ကျိုးရချည်ရဲ့"
ဒေါ်တင့်တင့်ရီအစကသော်သော်နဲ့သဘောတူပါသေးသည် ထိုကလေးမလေးကိုလဲ မျှော်လင့်ချက်တွေပေးပီး သူကိုယ်တိုင်ကြက်သားရောင်းခိုင်းခဲ့တာလေ
ဒါပေမဲ့ အခုသူမသားကဘွဲ့ရပညာတတ်ဖြစ်သွားတော့ သော်သော်လိုကြက်သားသည်မနဲ့ ဘယ်လိုမှသဘောမတူနိုင်တော့ပါ"အမေပဲ သူ့ကိုကြက်သားရောင်းခိုင်းခဲ့တာလေ"
ရဲသွေး သူကိုယ်တိုင်ကြက်သားရောင်းခိုင်းပီးအခုကြက်သားသည်မဖြစ်မှသဘောမတူဘူးဆိုတဲ့အမေ့ကို မေးကြောကြီးများတင်းကာ ပြောလိုက်သည်
"ဟင်..သားဘယ်လိုသိ.."
ဒေါ်တင့်တင့်ရီ သူမသားပြန်လာထဲကဒေါသထွက်နေမှန်းသိပါသည် ဘာကိုဒေါသထွက်နေလဲတော့သူမမသိပါ အခုသူမသားက ညမအချိန်အကြာကြီးလှို့ဝှက်ထားတဲ့ကိစ္စကိုသားကသိသွားတော့သူမလန့်သွားကာ ဘယ်လိုသိလဲမေးမလို့လုပ်တုန်း သားကသူမစကားကိုဖြတ်ပြောလိုက်သည်
"သော်သော်ကိုယ်တိုင်ပြောတာ"
"ဘာ..."
ဒေါ်တင့်တင့်ရီ သူလှို့ဝှက်ထားပေးပါလို့ပြောထားတာကို သော်သော်ကပြောလိုက်တယ်ဆိုတော့ ဒေါသထွက်သွားကာ ဘာဆိုတဲ့အသံက အလွန်ကျယ်သွားသည်
YOU ARE READING
အဆိပ်ပန်း
Ficción histórica"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "