သော့်စကားကို ကြားတော့ ဒေါ်တင့်တင့်ရီမျက်နှာကြီးက ခုနကလိုမျိုးသနားစရာမဟုတ်တော့ပဲ ချက်ချင်းဆိုသလို တောက်ပသွားတော့သည်
"တကယ်ပြောတာလားသမီးသော်သော်"
"ဟုတ် အန်တီ သမီးအလုပ်ရှာပီး ရဲသွေးအတွက်ထောက်ပံ့ပေးမှာပါ ဒါပေမဲ့ မေမေကို"
"သမီးမေမေကို ဒီလိုပြောလိုက်လေ သမီးရဲ့ သမီးကရိုးရိုးပဲအောင်တယ် ကျောင်းဆက်မတက်ချင်ဘူးအလုပ်ချင်တယ်လို့ပေါ့"
အန်တီတင့်တင့်ရီပြောသလိုပဲ သော်သော်မေမေကိုပြောရမည် ဂုဏ်ခူး၅ဘာသာပါပီး ကျောင်းဆက်မတက်ပဲအလုပ်လုပ်မယ်ဆို မေမေကခွင့်ပြုမှာမဟုတ်ဘူးလေ
"သမီးအလုပ်လုပ်ရင်လဲ သားလေးကိုထောက်ပံ့လို့ပိုတာလေး သမီးသုံးလို့ရတာပဲ သမီးမေမေကိုပြန်ပေးလဲရတယ်လေ"
ပိုမှ အိမ်ကို ပြန်ပေးတဲ့ ဒေါ်တင့်တင့်ရီရဲ့ အတ္တကသိပ်ကြောက်စရာကောင်းပါလား ကိုယ့်သားသမီးကောင်းဖို့ သူများအိမ်ကရတနာ သူများသားသမီးကိုချနှင်းလိုက်ပုံများနော်
"ဟုတ်ကဲ့ အန်တီ သမီးရဲသွေးကိုသွားနှိုးလို့ရမလား ရဲသွေးနဲ့မုန့်လေးသွားစားချင်လို့"
"ရတာပေါ့ သမီးရဲ့ သွားသွား"
အရင်ကဆို သော်သော်ရဲသွေးကိုအပြင်သွားဖို့လာခေါ်တိုင်း အမြဲဆူပူကျိန်းမောင်းနေကျ အခုကျ သမီးလေးသွားတဲ့ လူတွေများအပြောင်းလဲမြန်လိုက်တာ သော်သော်ကတော့ ဘာမှမတွေးပါဘူး သူမချစ်တဲ့သူအတွက် အဆုံးထိ ပံ့ပိုးပေးဖို့တွေးထားပီးသားပါ တစ်ချိန်မှာ သူမတို့နီးစပ်ရင် သူမတို့ရှေ့ရေးအတွက်ကောင်းမှာပဲလေ ဆိုပီးတွေးနေတော့သည်
"အော် သမီး ရဲသွေးကို သမီးအလုပ်လုပ်ပီးထောက်ပံ့မယ်ဆိုတဲ့အကြောင်းမပြောနဲ့နော်
သားကမာနကြီးတယ် လက်ခံမှာမဟုတ်ဘူး""ဟုတ်"
သော်သော် ဟုတ်လို့သာပြောပီး အိမ်ပေါ်သို့တက်လာလိုက်သည်
"ရဲသွေး..ဟဲ့ ရဲသွေး...ထထ"
သော်သော်ဒေါ်တင့်တင့်ရီကိုပြောပီး ရဲသွေးကိုနှိုးရင် ရဲသွေးအခန်းထဲဝင်လာခဲ့သည် ရဲသွေးတို့အိမ်က ပျင်ထောင်အိမ်လေးပေမဲ့ အခန်းလေးနှစ်ခန်းပါ ပါသည်
YOU ARE READING
အဆိပ်ပန်း
Tarihi Kurgu"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "