အဆိပ်ပန်း part 16

745 23 1
                                    

အဆိပ်ပန်း part 16

၅နှစ်ခန့်ကြာသော်.......

"ဟာ....ဝမ်းသာလိုက်တာကွာ...ရက်စ်.....ကိုယ်လူဖြစ်ပီကွ...!!"

"ကို ရယ် ဖြေးဖြေးပျော်ပါ.."

"မရပါဘူး အခုဆို လွန်းက ကို့ရင်သွေးကိုလွယ်ထားရပီလေ..ဒီနေ့ကမ္ဘာမှာအပျော်ဆုံးပဲ.."

ရဲသွေးတို့အိမ်ထောင်သက်တမ်း ၅နှစ်ပြည့်ပါပီး 5 years anniversaryမှာ အထူးလက်ဆောင်လေးတစ်ခုရခဲ့သည် အက်တာက လွန်းမှာ ကိုယ်ဝန်ရှိနေပီတဲ့...

"ဟွန့်..ပိုကိုပိုတယ်. "

လွန်း သူမရှေ့က အကဲပိုနေသည့် ကို့ ကို မျက်စောင်းလေးထိုးကာပြောလိုက်သည်

"မပိုပါဘူးကွာ..ယောကျာ်းတစ်ယောက်ရဲ့ဘဝမှာ ရင်အခုန်ရဆုံးနဲ့အပျော်ရဆုံးအချိန် ၃ချိန်ရှိတယ်
ပထမတစ်ခုကကိုယ်ချစ်ရတဲ့အမျိုးသမီးလေးကို အပိုင်ရတဲ့အချိန် ဒုတိယတစ်ခုက ချစ်ရတဲ့မိန်းမစီမှာ ကိုယ်ဝန်ရှိတာသိရတဲ့အချိန်.."

"အာ့ဆို တတိယတစ်ခုကကော.."

"တတိယတစ်ခုကတော့ မီးဖွားတဲ့အခါ ကလေးရော ကလေးအမေရော ကျန်းကျန်းမာမာရှိတယ်ဆိုပီး ဆရာဝန်ကပြောတဲ့အချိန်ပဲ.."

"အမလေး..ဟုတ်ပါပီ ရှင်..လေပေါတာလဲ ကြည့်ပေါ အလုပ်နောက်ကျနေပီ သွားတော့"

"ဟီးးဟုတ်သားပဲ..သွားပီနော် မိန်းမ..မွ.."

ရဲသွေးလဲ လွန်းပြောမှနာရီကိုငုတ်ကြည့်မိပါသည်
နောက်ကျနေပီမို့ လက်ကိုင်အိတ်ကိုဆွဲကာ လွန်းပါးလေးကိုတစ်ချက်နမ်းပီး အလုပ်သို့ ထွက်လာခဲ့သည်....

လွန်းမိဘတွေက ရဲသွေးအတွက်အရင်းအနှီးထုတ်ပေးပီး ကုမ္မဏီတစ်ခုထောင်ပေးသည်
ရဲသွေးကလဲ အရည်အချင်း ရှိတာမို့ ၅နှစ်လုံးလုံးအသေအလဲ ကြိုးစားလာတာ အခုဆို အောင်မြင်တဲ့ အလှကုန်ထုတ်လုပ်ရေး fly ကုမ္မဏီရဲ့ ceo တစ်ယောက်ဖြစ်နေပါပီ

ရဲသွေးတို့အတွက် တိုက်တစ်လုံး လက်ဖွဲ့ပေးပီး
အဲ့တိုက်မှာ သီးသန့်ခွဲနေရသည် အမေ့ကိုလဲ ဒီအိမ်မှာပဲ ခေါ်ထားဖြစ်သည်

ဒေါ်တင့်တင့်ရီ ကတော့တစ်ခါတလေ ချွေးမကိုအလိုမကျပါ မသုံးဖူးတာတွေသုံး မကိုင်ဖူးတဲ့ပစ္စည်းတွေကိုင်ရတော့ ပိုက်ဆံဖြုန်းတတ်လာသည် အခုဆို အမြဲလိုလိုဖဲဝိုင်းမှာပင်
သုံးပါများလာတော့ လွန်းကလဲ အိမ်ထောင်ရှင်မဖြစ်တဲ့အတွက် ငွေကိုပြန်ထိန်းရသည်
ဒါကိုဒေါ်တင့်တင့်ရီက မကျေနပ်ပေ ..

အဆိပ်ပန်းWhere stories live. Discover now