ရဲသွေးဒီမနက် ကားတွေပိတ်နေတာကြောင့်
ရုံးနောက်ကျပီး မိုးနဲ့ဝန်ထမ်းတွေကိုပြောဖို့ချိန်းထားတာကို နာရီဝက်လောက် နောက်ကျသွားခဲ့သည်သူရုံးကိုအပြေးအလွှားရောက်တော့ meetinခန်းထဲမှာ မိုးလဲ ရောက်နေသည် လူတွေလဲစုံနေသည်
"နောက်ကျသွားတဲ့အတွက်အားလုံးကို
တောင်းပန်ပါတယ်"ရဲသွေးလဲ အခန်းထဲကို ဝင်လိုက်ပီး အားလုံးကိုတောင်းပန်လိုက်ပီး မိုးကိုကြည့်တော့ မိုးက ပြုံးပြတာမို့ စကားဆက်ပြောဖို့ပြင်လိုက်သည်
"အားလုံးကို ခေါ်လိုက်ရတဲ့အကြောင်းကတော့
ဒီက ရှယ်ယာရှင် မမိုးကြိုးမေက ဒီကဝန်ထမ်းတွေအားလုံးကို အပျော်ခရီးလေးပို့ပေးချင်တယ်ဆိုလို့ ငွေဆောင်ခရီး စရိတ် ငြိမ်းလိုက်ပို့ပေးသွားမှာပါ...""ရေးးပျော်စရာကြီး.."
"ပျော်လိုက်တာ"
"မမိုးကြိုးမေက ရုပ်လေးလှသလို စိတ်ထားလေးလဲကောင်းလိုက်တာ"
"ဟုတ်ပါ့"
ဝန်ထမ်းေတွအားလုံး ပျော်သွားပီး တစ်ယောက်တစ်ပေါက်ပြောကြသည်
မိုးကိုလဲ ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်ပီး
မိုးက ဝန်ထမ်းတွေအားလုံးရဲ့အချစ်တော်ဖြစ်နေတော့သည်"ခရီးကတော့ ဒီညနေထွက်မယ်နော် ကြိုမပြောမိတဲ့အတွက် လိုက်လို့အဆင်မပြေတဲ့သူရှိလား"
"မရှိပါဘူးး"
"အဆင်ပြေပါတယ်"
"ရပါတယ်.."
မန်နေဂျာကပြောလိုက်တော့ ဝန်ထမ်းတွေအကုန်လုံးက ပြာပြာသလဲလဲ ပြောကြသည်
"အက်တာဆို အကုန်ပြန်ပီး စီစဉ်စရာရှိတာစီစဉ်ကြ
ညနေကျရင် ကုမ္မဏီ မှာလူစုမယ်..""ဟုတ်ကဲ့ ....."
........
"ဝန်ထမ်းတွေအခုလိုပျော်သွားတာမြင်ရတော့ ပိတိဖြစ်တယ်ရှင်.."
မိုး အစီးအဝေးပီးတော့ ရဲသွေးနဲ့ ရုံးခန်းဘက်သို့လမ်းလျှောက်ရင်း ပြုံးကာပြောလိုက်သည်
YOU ARE READING
အဆိပ်ပန်း
Ficción histórica"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "