အဆိပ်ပန်း part 14
"ဟင့်...မသွားပါနဲ့..."
"ရဲသွေးးးငါ့ကိုမထားခဲ့ပါနဲ့..."
"ဟဲ့...ဟဲ့......."
"ဟင်..."
သော်သော် တစ်ယောက်ယောက်က သူမကိုလှုပ်နှိုးလိုက်တာကြောင့် အိမ်မက်ကမ္ဘာထဲကနေလန့်နိုးလာရသည်
"အားးကျွတ်...ကျွတ်...ကျွတ်.."
သော်သော် မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်တော့ အလင်းရောင်စူးစူးကြောင့် မျက်ရိုးကိုက်သွားရသည်
"ဟဲ့...ဟဲ့..နိုးရင်လဲထတော့ တခြားလူနာတွေရှိသေးတယ်"
သော်သော် သူမနားထဲကအသံစူးစူးကြောင့်မျက်လုံးကိုအားစိုက်ဖွင့်ကြည့်တော့ ဆေးရုံလို့ထင်ရတဲ့နေရာကိုရောက်နေသည် သူမလှဲနေသည့်ကုတင်ဘေးမှာ အသက်၄၀လောက်ရှိသည် ခပ်ဝဝအမျိုးသမီး nuseတစ်ယောက်က သူမကို အထင်သေးစွာ မဲ့ရွဲ့ပီးကြည့်နေသည်
"ကျွန်မဘာဖြစ်လို့ဆေးရုံရောက်နေတာလဲ"
"နင်ဘာလုပ်လဲနင်မသိဘူးလား.....အခုမှမသိသလိုလာမေးနေတယ်"
"ရှင်...ဘာကိုပြောတာလဲ"
သော်လဲ သူမကိုဒေါသအသံဖြင့် ပြောနေသည့်nurseကို ကြောင်တောင်တောင်ဖြင့်ပြန်မေးလိုက်သည်
"ယွတုန်းကယွပီးမှလူ့တောင်မဖြစ်သေးတဲ့အပစ်မရှိတဲ့ခလေးကိုလုပ်ရက်ကြတယ် လူစိတ်ကိုမရှိဘူး"
"ရှင်...ရှင်...ဘာကိုပြောနေတာလဲ ကျမကအခုဘာဖြစ်လို့လဲ"
သော်သော် nurseပြောလိုက်တဲ့စကားကြောင့် လန့်သွားရသည် ဆေးရုံလဲရောက်နေတာကြောင့် သူမခလေးလေးများတစ်ခုခုဖြစ်သွားတာလား..ဆိုတဲ့အတွေးဖြင့်
"နင်လုပ်တာ..နင်မသိဘူးလား "
"ကျမကို နားလည်အောင်အရင်ရှင်းပြပါ ဆရာမရယ်"
"လမ်းမှာ လူမြင်မကောင်းသူမြင်မကောင်း အောသွေးတွေနဲ့ ခလေးပျက်ကျနေတာလေ ရပ်ကွက်ထဲက လူတွေက အမြင်မတော်လို့ ဆေးရုံလာပို့သွားတာ"
"ရှင်..!!"သော်သော် သူမကြားလိုက်ရတဲ့စကားကြောင့် ကမ္ဘာပျက်သွားရသည် လူကအားအင်တွေမရှိတော့သလို ရင်ထဲဟာသွားရသည် သားသမီးတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်မျိုး..
YOU ARE READING
အဆိပ်ပန်း
Ficțiune istorică"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "