အဆိပ်ပန်း part 25
ဒေါ်တင့်တင့်ရီ မိုကြိုးမေဆိုတဲမိန်းကလေးနဲ့တွေ့ပီး အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲ တီဗီကြည့်နေတဲ့ချွေးမရဲ့အရိပ်အခြေကိုကြည့်ကာ သားအခန်းထဲ ဝင်လာခဲ့သည်...
"သား..."
"ဟုတ်...အမေဘာပြောမို့လဲ..."
ရဲသွေး ရေမိုးချိုးပီး ထမင်းစားဖို့ ဆင်းလာမလို့ပြင်တုန်း အမေဝင်လာသဖြင့် မေးလိုက်သည်..
"ထိုင်အုန်း အမေမေးစရာရှိတယ်...."
ဒေါ်တင့်တင့်ရီ ရဲသွေးကိုကုတင်ပေါ်ထိုင်ခိုင်းလိုက်ပီး သူမပါလိုက်ထိုင်လိုက်သည်..
"ဟုတ်..အမေမေးလေ"
"မိုးကြိုးမေဆိုတဲ့ မိန်းကလေးကဘယ်သူလဲ..."
"ဗျာ...."
ရဲသွေး အမေကမိုးနာမည်ကိုမေးလာသဖြင့် လန့်သွားရသည် အမေများသိသွားတာလား....
"မေးတာဖြေ..."
ဒေါ်တင့်တင့်ရီ လဲ လန့်ဖြန့်သွားတဲ့သားကိုအသံမာမာဖြင့်ထပ်မေးလိုက်သည်
"မိုးကို အမေကဘယ်လိုလုပ်သိ...."
"ငါဒီနေ့သူနဲ့တွေ့လာတာ...."
"ဟင်..ဘယ်လို..ဘယ်လို."
"ပြောပြမယ် ဒီလို xxxxxxxxx "
ဒေါ်တင့်တင့်ရီ လဲ သူမနဲမိုးကြိုးမေ တွေ့ခဲ့တဲ့အကြောင်းအစအဆုံး သားကိုပြောပြလိုက်သည်
"အက်တော့ လွန်းအိမ်ကိုဘယ်လိုလုပ်မှာလဲ"
"ဘယ်လိုလုပ်ရမှာလဲ အမေရဲ့ လွန်းက သားရဲ့မိန်းမပဲလေ..."
"မိုးကြိုးမေကကော...."
ရဲသွေး အမေက လွန်းနဲ့မိုးကိုယှဉ်ပီးမေးလာတာတော့ သူမဖြေတတ်တော့ပါ သူလွန်းကိုချစ်သည် မြတ်နိုးသည် မိုးကိုတော့ စွဲလမ်းသည်..ဒီအမျိုးသမီးနှစ်ယောက်ကြား သူဘယ်လိုလုပ်ရကာ့မလဲ..ဟူးးး"
"မိုးကြိုးမေ က အမေ့ကိုဒီနေ့အများကြီးကူညီသွားတယ် သူ့အခြေအနေကလွန်းထက်အများကြီးသာတယ် အမေသူ့ကိုသဘောကျတယ်..အခုမင်းမိန်းမထက်"
ဒေါ်တင့်တင့်ရီ သူမအစက လွန်းကိုသဘောကျပါသည် အခုနောက်ပိုင်း လွန်းကသူမကိုပိုက်ဆံလဲသိပ်ပေးမသုံးတာကြောင့် သူမအဆင်မပြေဖြစ်နေရသည်
မိုးကြိုးမေ က လွန်းအိမ်ထက်အများကြီးပိုချမ်းသာမည် သူမလိုသမျှထုတ်ပေးနိုင်မည်ဟု သူမကောက်ချက်ချမိသည်
YOU ARE READING
အဆိပ်ပန်း
Historical Fiction"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "