အဆိပ်ပန်း part 26
မိုးလဲ အဝတ်အစားလဲပီး ရဲသွေးနဲ့အတူ သူတို့အိမ်သို့ ကားတစ်ယောက်တစ်စီးဖြင့် ရှေ့ဆင့်နောက်ဆင့်ထွက်လာလိုက်သည်
"တီ..တီ.."
ကားနှစ်စီးက ရှေ့ဆင့်နောက်ဆက်ဝင်လာပီး ပေါ်တီအောက်တွက်ရပ်လိုက်သည်..
"သမီးရေ...လွန်းအိမ်ရေ...ဧည်သည်လာပီ..."
ဒေါ်တင့်တင့်ရီ ဧည့်ခန်းထဲ၌တီဗီကြည်နေစဉ် ကားသံကြားတာကြောင့် မိုးကြိုးမေနဲ့ သားလာပီဆိုတာသိလိုက်သည် ဒါကြောင့်လဲ ပြာပြာသလဲလဲဖြင့် မီးဖိုထဲ၌အိမ်အကူကောင်မလေးနဲ့ ချက်ပြုတ်နေသည့် လွန်းအားလှမ်းခေါ်လိုက်သည်...
"ဟုတ်ဟုတ် လာပီအမေ...."
လွန်းချက်ပီးသားဟင်းတွေကို စားပွဲပေါ်ရွှေ့နေတုန်း အမေ့ရဲ့အသံကြောင့် အိမ်ရှေ့သို့ပြေးထွက်လာခဲ့သည်
အခုလာမဲ့ဧည့်သည်က ကို့ ရဲ့လုပ်ငန်းတွေကိုအများကြီးကူညီပေးထားတယ်ဆိုတာသူမသိထားတာကြောင့် ဧည့်ဝဋ်ကြေရမည်လေ..."လာမမိုးကြိုးမေ....အိမ်ထဲဝင်ပါ.."
ရဲသွေး သူ့ကားပေါ်ကဆင်းပီး အနောက်က ကားပေါ်ကလဲ ဆင်းလာတဲ့ မိုးကို အခါ်အဝေါ်တွေပါပြောင်းပီခေါ်လိုက်သည်..
"အွန်း..."
မိန်းမအိမ်ရောက်တော့ အခေါ်အဝေါ်တွေပါပြောင်းသွားတဲ့ သူ့ကြောင့် မိုးသူမမျက်နှာထက်မဲ့ပြုံးတစ်ပွက့်ချွေလိုက်သည်...
"လာ....သမီးလာ...အိမ်ထဲဝင်..."
"စုစုရေ...ထမင်းပွဲ ပြင်ထားဟေ့ လာ မမလာ..."
လွန်း ကားပေါ်က ဆင်းလာတဲ့အမျိုးသမီးကိုငေးမိသွားရသည် body fit အနီရောင်အရှည်ကို ဇာအဖြူရောင်လက်ရှည်လေးနဲ့တွဲဝတ်ထားပီး သူမရဲ့ ဆံပင်အကောက်လေးတွေကို တစ်ဖက်ကိုအနောက်ပို့ပီး တဖက်ကိုရှေ့သို့ချထားပုံကစွဲဆောင်မှုရှိလှသည်
မျက်လုံးတွေကညို့အားပြင်းပီး အောက်နှခမ်းထူထူအပေါ် အနီရောင်ဆေးချယ်ထားပုံက လွန်းအမြင်သူမကနှင်းဆီနီတစ်ပွင့်လိုပင်...."အွန်း..."
မိုး .ကားပေါ်ကဆင်းဆင်းခြင်း အိမ်အပေါက်ဝမှာ ဒေါ်တင့်တင့်ရီ နဲ့အတူရပ်နေတဲ့ မိန်းကလေးစီမျက်လုံးရောက်သွားသည်...ဗိုက်ဖုံးအကျီ ပန်ရောင်လေးနဲ့ ဆံပင်အရှည်တွေကို ဖြန့်ထားပီး မျက်နှာလေးတွေလက်လေးတွေကနုဖက်နေသည် ကြည့်ရတာ ဗိုက်ထဲကခလေး
YOU ARE READING
အဆိပ်ပန်း
Ficção Histórica"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "