အဆိပ်ပန်း part 12

667 18 0
                                    

"သမီးလေးရယ်...ဖြစ်မှဖြစ်ရလေ ရဲသွေးအတွက်နဲ့ တစ်ချိန်လုံးအလုပ်တွေလုပ်ခဲ့တာလား အက်လောက်တောင်လားသမီးရယ်..."

ဒေါ်မြသက်ထားသူမ သမီးလေးကိုငယ်ငယ်ထဲက ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ထားခဲ့ပါသည် သူမတို့ကအရမ်းကြီးအဆင်မ‌ပြေပေမဲ့ နေနိုင်စားနိုင်သည် သူမ သမီးလေးကို လူတန်းစေ့အောင် သူမအထည်ချုပ်ကာ ရှာကျွေးခဲ့သည်

သူမ မင်းသမီးလေးလိုထားခဲ့တဲ့ သမီးလေးက
ဘာမဟုတ်တဲ့ယောကျာ်းတစ်ယောက်ကို ဒူးထောက်ခစားနေတယ်တဲ့ အမေရင်တွေကွဲကပါတယ်သမီးရယ်

"ဟီးးးဟင့်...ဟင့်..သမီးမေမေ့ကိုပြောပြချင်ခဲ့တာပါ မေမေစိတ်ညစ်မှာဆိုးလို့ပါ "

သော်သော် ခလေးတစ်ယောက်လို ငိုပီးမေမေ့ရင်ခွင်လေးထဲဝင်ကာ ပင်ပန်းခဲ့သမျှအကုန်ပြောပြနေမိတော့သည် သူမတစ်ယောက်ထဲ ကြိတ်ခံစားလာရတာအချိန်အတော်ကြာခဲ့ပီလေ

"အခု ရဲသွေးမှာက လက်ထက်မဲ့သူရှိတယ်ဆို သမီးဗိုက်ထဲက ခလေးလေးကို ဘယ်လိုလုပ်မလဲ"

"သူတခြားသူနဲ့လက်ထက်မယ်ပြောတာက သမီးမှာခလေးရှိတာမသိသေးလို့ပါ အမေရဲ့ သမီးကိုယ်ဝန်ရှိနေတာသာ သူသိရင် သူသမီးကို ပစ်မထားလောက်ပါဘူး ရဲသွေး အက်လောက်မရက်စက်လောက်ပါဘူး"

သော်သော် ရဲသွေးသူမအပေါ် အက်လောက်ထိမရက်စက်ဘူးဆိုတာသိပါသည် သူမ အခုလို ကိုယ်ဝန်ရသွားတာကိုလဲ ပျော်ပါသည် ဒီ‌ခလေးလေးကြောင့် ခလေးအဖေက သူမကို ပစ်မထားခဲ့ပဲ တာဝန်ယူမယ်ဆိုပီး သူမ ကောက်ချက်ချလိုက်လို့ပါ

"ဖြစ်ပါ့မလားသမီးရယ် "

"ဖြစ်ပါတယ် မေမေရဲ့ သမီးအခုပဲသူ့ကိုသွားပြောမှာ"

သော်သော် မေမေကိုပြောပီး ရဲသွေးတို့အိမ်ဘက်ထွက်လာလိုက်သည်

ဒေါ်မြသက်ထား ထွက်သွားတဲ့ သမီးရဲ့ကြောပြင်လေးကို ကြည့်ကာ ရင်တွေပူရပါသည် သူမသမီးလေးဘဝကိုအညွှန့်ချိုးပီး အသုံးချခဲ့တဲ့ အဲ့သားအမိကို သူမခွင့်မလွှတ်ပါ တကယ်လို့သာ ဗိုက်ထဲကခလေးကိုတာဝန်မယူဘူးဆိုရင် သူမ သူတို့အိမ်ထိသွားပီး သားမိနှစ်ယောက်လုံးကိုအရှက်ခွဲပစ်မည် မဒိန်းမှုနဲ့ ရဲသွေးကိုထောင်ချပစ်မည် သူမတစ်ယောက်ထဲ အင်အားနဲ့မရရင်နှစ်20လုံးအဆက်အသွယ်မရှိခဲ့တဲ့ သူမဖေဖေ့စီကိုဆက်သွယ်မည်

အဆိပ်ပန်းWhere stories live. Discover now