"အားးကျွတ်...ကျွတ်...."
ရဲသွေး မနက်ခင်းနေရောင်ခြည်က သူ့မျက်နှာတည့်တည့်သို့ထိုးလာကြောင့် နိုးလာပေမဲ့ ခေါင်းကထိုးကိုက်လာတာမို့ မျက်လုံးမဖွင်နိုင်သေးပဲ ညီးမိပါသည်
"ဟင်..."
ရဲသွေး သူမျက်လုံးသေချာဖွင့်ကြည့်မိတော့ သူ့ရင်ခွင်ထဲတွင် စောင်ဖြူလေးတစ်ထည်သာခြုံထားပီး မနက်ခင်းနေရောင်ခြည်နဲ့အတူ အပြိုင်လှပနေတဲ့ သူမ....
"ငါ...လွန်းအပေါ်ဖောက်ပြန်မိသွားပီပဲ......."
ရဲသွေး စိတ်ရှုပ်ကာ တီးတိုးရေရွှတ်မိပါသည်
"ကိုရဲ....နိုးနေပီလား...."
"ဟင်....အင်း.."
ရဲသွေး အတွေးလွန်နေတုန်း သူမလေးကနိုးလာတာကြောင့် ဘာပြောလို့ပြောရမလဲမသိတော့ပါ ညက
ကိစ္စကိုဘယ်လိုလုပ်ရမလဲဆိုတာလဲ သူစဉ်းစားလို့မရပါ"ကိုရဲ......"
မိုးအတွေးလွန်နေပုံပေါက်တဲ့ သူ့ကိုတစ်ချက်ကြည့်ကာ ကျေနပ်စွာပြုံးလိုက်ပီး လေသံတိုးတိုးလေးဖြင့်ခေါ်လိုက်သည်
"...ဟို ကို ညက ကိစ္စအတွက်တောင်းပန်ပါတယ်..
ကို့မှာ အမျိုးသမီးရှိ....""ရှူးးးး"
မိုးသူ့စကားမဆုံးခင် သူမ လက်ညိုးလေးဖြင့် သူ့နှခမ်းကိုပိတ်လိုက်သည်
"မိုးကိုတာဝန်ယူစရာမလိုပါဘူး....."
"ဗျာ..."
"ဒါပေမဲ့ ရှင်မိုးကိုတော့ပစ်မထားခဲ့ရဘူး.....မိုးအနားမှာနေပေးရမယ် မိုးရဲ့boyfriendအဖြစ်....."
"ဟင်...မိုး...ကျွန်တော်မှာ အမျိုးသမီးရှိတယ်လေ..
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....."ရဲသွေး မိုးရဲ့စကားကြောင့်အတော်လေးစဉ်းစားသွားရသည် သူမပြောပုံအရဆို သူကလွန်းမသိအောင် မရင်ငယ်ထားသလိုဖြစ်သွားမှာပေါ့
"အက်တာဆို ရှင်က မိုးကိုဒီအတိုင်းထားခဲ့တော့မယ်ပေါ့....ရှင်တို့ကုမ္မဏီ ဒေဝါဒီမခံရအောင် ဘာအကျိုးအမြတ်မှမကြည့်ပဲ ကူညီခဲ့တဲ့သူကိုလေ..."
မိုး သူမ ဝမ်းနည်းသွားတဲ့ ပုံစံဖြင့် ဆောင်လေးကိုလက်ဖြင့်စုတ်ကာ အသံလေးတဖြည်းဖြည်းတိုးဝင်သွားအောင်ပြောလိုက်သည်...
YOU ARE READING
အဆိပ်ပန်း
Historical Fiction"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "