ရဲသွေး လွန်းနဲ့လက်ထက်ပီးထဲက လှပါတယိဆိုတဲ့မိန်းမတွေကိုတောင် တစ်ချက်လေးမှ မကြည့်ခဲ့တာ ဒီမိန်းကလေးကျမှဘာဖြစ်တာလဲ...သူကပဲစွဲဆောင်လွန်းနေတာလား.....
"ကျစ်..."
ရဲသွေး ဆံပင်တွေကိုထိုးဖွပီးအတွေးစတွေကိုဖြောက်ကာ ရေကန်ဘက်ပြန်ကြည့်လိုက်မိတော့..
"ဟင်..."
ချက်ချင်းကြီးသူမကိုမတွေ့တော့သဖြင့် သူလဲ အက်တာနဲ့ပဲ...ရေကန်အနားသို့လမ်းလျှောက်ကာ သွားလိုက်သည်....
"အမလေး...ဗွမ်းးးးး"
ရေကန်ဘေးအနားလဲရောက်တော့ သူရေထဲကို ငုပ်ကြည့်ဖို့အလုပ်မှာ ရေထဲက လက်တစ်စုံက သူ့ခြေထောက်ကို လှမ်းဆွဲလိုက်သဖြင့် ခြေချော်ကာ ရေကန်ထဲသို့ပြုတ်ကျသွားခဲ့သည်...
"ခစ်...ခစ်...ဟီးးးဟီးး"
သူရင်ဘက်လောက်ရှိသည့် ရေထဲက ကမန်းကတန်းရုန်းထတော့ သူ့ရင်ခွင်ထဲရောက်လုနီးပါးဖြစ်နေပီး တစ်ခစ်ခစ်ရယ်နေသည့် မိုး....
"လန့်သွားတာလား "
မိုးအစထဲက ရဲသွေး သူမကို ကြည့်နေတာသိပါသည်သူစိတ်ရှုပ်သလိုနဲ့ ဟိုဘက်လှည့်သွားတုန်း သူမရေထဲ၌ငုပ်နေလိုက်ပီး သူရေကန်အနားရောက်မှ ခြေထောက်ကိုလှမ်းဆွဲလိုက်တာပင်...
"လန့်တာပေါ့ ဒါနဲ့မိုးက ခုနကတုန်းကဘယ်ရောက်သွားတာလဲ"
"အာ့ဆို ရှင်က မိုးရေစကူးထဲက မိုးကိုချောင်းကြည့်နေတာပေါ့.."
"ဟင်...အဲ...မဟုတ်ပါဘူး ဒီတိုင်းတွေ့မိတာပါ.."
ရဲသွေးခိုးကြည့်တာ လူမိသွားကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပါးစပ်ထဲရှိရာပြန်ဖြေလိုက်သည်
သူ့မကလဲ အရှေ့သို့တိုးပီး မေးလာတာ ကြောင့် သူမရင်ဘက်နဲ့ သူ့ရင်အုံနဲ့က ထိသွားရသည်
သူမကခေါင်းမော့ထားသဖြင့်
အရပ်က သူကခေါင်းတစ်လုံးစာလောက်ပဲ ပုတာဆိုတော့ မျက်နှာချင်းက ထိကပ်လုနီးဖြစ်သွားရသည်ရဲသွေး ရေစိုနေတဲ့ သူမရဲ့အလှကို အနီးကပ်မြင်ရတာကြောင့် ခတ္တမျှငေးမောသွားရသည်
ရေစက်လေးတွေတွဲခိုနေတဲ့ မျက်တောင်ရှည်ရှည်လေးတွေ နီထွေးထွေး နှခမ်းလေးတွေက သူ့ကိုစွဲဆောင်လွန်းသည်
YOU ARE READING
အဆိပ်ပန်း
Fiksi Sejarah"မိုးကြိုးမေ ဆိုတဲ့ငါက နင်တို့ဘဝတွေကိုဖျက်စီးပစ်တော့မှာမို့ အဝပျော်ထားကြ "