အဆိပ်ပန်း part 17

776 27 0
                                    

အဆိပ်ပန်း part 17

"တွေ့ဖို့ချိန်းတယ်......"

သူမရှယ်ယာ စာချုပ်တွေကို ကိုင်ပီး အတွင်းရေးမှူးဖြစ်သူ ကျော်ထက်ဇော်အားမေးလိုက်သည်

"ဟုတ်ပါတယ်..မမ"

"လက်ခံလိုက်....."

"ဟုတ်ကဲ့...ဘယ်နေ့ တွေ့မယ်ပြောလိုက်ရမလဲ.."

"မနက်ဖြန်.."

သူမ စကားကိုတစ်လုံးချင်းစီ ပြတ်ပြတ်ပြောလိုက်သည်

"ဟုတ်ကဲ့ မမ"

ကျော်ထက်ဇော်ထွက်သွားတော့မှ သူမဆိုဖာပေါ်ထိုင်ကာ ‌ခြောက်ကိုချိတ်ပီးထိုင်လိုက်သည်

"၅နှစ်လောက်တောင်မတွေ့ရခဲ့တဲ့မျက်နှာက ဘယ်လိုတွေ ပြောင်းလဲနေမလဲငါသိပ်သိချင်တယ်......."

သူမတစ်ယောက်ထဲ ကြားရတဲ့လေသံဖြင့် သူမရှေ့က ပြတင်းပေါက်ကို အသက်မဲ့တဲ့မျက်လုံးများဖြင့်ပြောလိုက်သည်

...................

"ဟူးး"

ရဲသွေး ဒီနေ့ မိုးကြိုးမေကိုတွေဖို့ချိန်းထားတဲ့ Hotelက vipစားသောက်ခန်းကို ဘိုကင်ယူထားရသည် အခုလဲ..တွေ့ဖို့ စောင့်နေရင်း ရင်မောလာရသည်

"ဒေါက်.....ဒေါက်......ဒေါက်......"

ဒေါက်ဖိနပ် အသံ ကြားတာကြောင့် ရဲသွေးလဲ မော့ကြည့်လိုက်တော့ ဒေါက်ဖိနပ်အသံနဲ့အတူ
vip room ထဲ ဝင်လာတဲ့မိန်းကလေး...

အရပ်က5'8လောက်ရှိပီး စွဲဆောင်မှုအပြည့် သွယ်လျတဲ့ခန္ဓာကိုယ်နှင့် ညို့အားပြင်းတဲ့မျက်လုံး
နှာတံဆင်းဆင်း အောက်နှခမ်းထူထူ အသဲပုံပုံစံနှခမ်းကိုမှ အနီရင့်ရောင်ဆိုးထားပုံကြောင့် နှင်းဆီနီ တစ်ပွင့်လို ရဲရဲတောက် လှနေသည်

ခန္ဓာကိုယ် ကောက်ကြောင်းပေါ်စေသည့် body fit အပေါ်က ကုတ်အမဲထပ်ဝတ်ထားပုံက အလွန်ကြည့်ကောင်းပီး body fitက ပေါင်လယ်လောက်ပဲရှိတာကြောင့် ပေါင်တံ သွယ်သွယ်ကိုပေါ်နေ‌စေပီး မြင်သမျှ ပုရိသတို့အဖို့ မျက်လုံးမခွာချင်လောက်အောင် စွဲဆောင်လွန်းသော အလှမျိုးဖြစ်သည်

"Sorry...နော် ကျွန်မနည်းနည်းနောက်ကျသွားတယ်"

"...အမ်..အင်းးးရပါတယ် ထိုင်ပါ.."

အဆိပ်ပန်းWhere stories live. Discover now